Thursday, October 17, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး



Image may contain: 2 people, people sitting
နေပြည်တော် အောက်တိုဘာ ၁၆



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V. Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန် နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော် နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရုရှား နိုင်ငံတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် Inter-national Army Games ပြိုင်ပွဲများ ကျင်းပမှု၊ မြန်မာ့တပ်မတော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် အခြေအနေနှင့် ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားမည့် အခြေအနေ၊ စီးပွားရေး နှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေ၊ လေ့ကျင့်ရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ချစ်ကြည်ရေးခရီးစဉ် အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ် များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
သတင်းစဉ်

No comments:

Post a Comment