Thursday, October 24, 2019

မစ္စ ရာရှန် ရဲ့စ်ဘီလာသဗာအား မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ




နေပြည်တော် အောက်တိုဘာ ၂၄




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် မစ္စ ရာရှန် ရဲ့စ်ဘီလာသဗာအား ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကာဇက် စတန် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည်။
မစ္စ ရာရှန် ရဲ့စ်ဘီလာသဗာကို ၁၉၆၃ ခုနှစ်၊ ဧပြီလတွင် ကာဇက်စတန် နိုင်ငံ၊ တော်ဒီကော်ဂန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အမျိုးသား စီးပွားရေးသိပ္ပံကျောင်းကို တက်ရောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ခရီးသွား လုပ်ငန်းနှင့် စီမံခန့်ခွဲမှုသိပ္ပံကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်-နိုင်ငံရေးရာ ဆိုင်ရာဌာန၌ သံအရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကာဇက်စတန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ရာထူး အဆင့်ဆင့်ဖြင့်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နယူးယောက် မြို့ရှိ ကာဇက်စတန် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် သံမှူးအဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နယူးယောက်မြို့ရှိ ကာဇက် စတန်ကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှ ယနေ့အထိ ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန်နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ မစ္စ ရာရှန် ရဲ့စ်ဘီလာသဗာသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီး တစ်ဦးထွန်းကားသည်။ သတင်းစဉ်

No comments:

Post a Comment