Thursday, October 24, 2019

အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး ဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ



Image may contain: 6 people, people sitting, table and indoor

နေပြည်တော် အောက်တိုဘာ ၂၃




အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါး မှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပ သည်။
ခြိမ်းခြောက်မှုများရှိနေ
အစည်းအဝေးတွင် အမျိုးသား အဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့တစ်ဝန်းတွင် ပဋိဇီဝဆေး ယဉ်ပါးသော၊ ပဋိဇီဝဆေးမတိုးသော ရောဂါပိုးများသည် ပြည်သူ့ကျန်းမာ ရေး ပြဿနာတစ်ရပ်အနေဖြင့် သာမက ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ လူမှုရေးနှင့် စီးပွားရေး ခြိမ်းခြောက်မှုများရှိနေသဖြင့် ပဋိဇီဝ ဆေးယဉ်ပါးမှုတိုက်ဖျက်ရေး လုပ်ငန်း များသည် အရေးကြီးပါကြောင်း၊ ပဋိဇီဝဆေးဝါးများကို စနစ်တကျ သုံးစွဲမှုမရှိခြင်းကြောင့် ရောဂါပိုးများ သည် ပဋိဇီဝဆေးယဉ်ပါးကာ ဆေးမတိုးသဖြင့် ရောဂါပျောက်ကင်း မှုမရှိခြင်း၊ အသက်သေဆုံးသည် အထိ ဖြစ်ပွားခြင်းတို့ ဖြစ်ပွားနိုင်ပါ ကြောင်း။
ပဋိဇီဝ ဆေးယဉ်ပါးမှုဆိုင်ရာ အကြောင်းအရာများကို ဝန်ကြီးဌာနရှိ ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များ၊ သင်တန်းကျောင်းများတွင် ထည့်သွင်း သင်ကြားခြင်းများကို ပိုမိုပြုလုပ်သွား ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ပဋိဇီဝဆေးဝါးများကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူ များ၏ ညွှန်းဆိုချက်အတိုင်း စနစ် တကျသုံးစွဲသောက်သုံးရန် ကျန်းမာ ရေးအသိပညာပေးမှုများကို ဝန်ကြီး ဌာနမှ Mobile Tablet များ အသုံးပြု၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ နယ်စပ်ဒေသများမှ ဆေးဝါး များ တရားမဝင်ဝင်ရောက်မှု၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ခွင့်ပြုချက်နှင့် မှတ်ပုံတင် မပါသော အရည်အသွေးအာမခံချက် မရှိသော ဆေးဝါးများအား ရောင်းဝယ် ဖောက်ကားမှုဆိုင်ရာ ပြဿနာများ အပါအဝင် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း။
လိုက်နာဆောင်ရွက်
ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက် ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး သတ်မှတ်ထားသော လမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများ အတိုင်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ ထုတ်ဝေ ထားသည့် ပဋိဇီဝဆေးယဉ်ပါးမှု ဆိုင်ရာနှင့် ပဋိဇီဝဆေးဝါးများအား ကျိုးကြောင်းဆီလျော်စွာ အသုံးချမှု ဆိုင်ရာ လမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်း များကို ပြုပြင်မွမ်းမံခြင်းနှင့် အသစ် ရေးဆွဲခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှု ဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်က အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါး မှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းလမ်းပြ မြေပုံ၊ လုပ်ငန်းစဉ်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု များ၊ ကဏ္ဍသုံးခု ပူးပေါင်း၍ ပဋိဇီဝ ဆေးယဉ်ပါးမှုဆိုင်ရာ စစ်တမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ကာကွယ် ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ဆေးဝါးပညာရှင်အသင်း၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များ နှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါး မှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီဝင် များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြသည်။
သတင်းစဉ်

No comments:

Post a Comment