Thursday, October 24, 2019

အင်ဒိုနီးရှားနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အင်ဒိုနီးရှား-မြန်မာ သံတမန်ဆက်သွယ်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ




ရန်ကုန် အောက်တိုဘာ ၂၃




အင်ဒိုနီးရှားနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အင်ဒိုနီးရှား-မြန်မာ သံတမန်ဆက်သွယ်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပရာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် အင်ဒိုနီးရှား နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး ဒေါက်တာ အီဇာ ဖာဒရီနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးတို့က တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment