Monday, October 21, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပခုက္ကူမြို့နယ်၌ ကျင်းပသည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်




Image may contain: one or more people
နေပြည်တော် အောက်တိုဘာ ၂၀




ညောင်ပင်ရွာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ဆောက်လုပ်လှူဒါန်းသည့် ဓနုဖြူ စာသင်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ညောင်ပင် ရွာကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ သယံဇာတ၊ သဘာ၀ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြမင်း ဆွေ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် အလှူရှင် ဦးကျော်စည်သူနှင့် ဒေါ်မြ သီတာတို့က ကျောင်းဆောင်လွှဲပြောင်း ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တာဝန်ရှိသူများက ဓနုဖြူ ကျောင်းဆောင်သစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ကြပြီး ကမ္ပည်း မော်ကွန်းကျောက်စာကို နံ့သာရည် ပက်ဖျန်းကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က အမှာစကား ပြောကြားသည်။
ပူးပေါင်းကူညီဖြည့်ဆည်း
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခက်အခဲ ရှိသော ဒေသ၊ လိုအပ်ချက်များသော ဒေသများကို ဖြည့်ဆည်းနိုင်ရေး အတွက် နှစ်စဉ်ဘဏ္ဍာငွေ တိုးမြှင့် ခွင့်ပြုလျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၀ ဆ ခန့် ပိုမိုသုံးစွဲလာပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေမှသာ ကျောင်းထွက်နှုန်း လျော့နည်းပြီး ကျောင်းထွက်သူလုံးဝ မရှိတော့ဘဲ မူလတန်းကျောင်းသား ကျောင်းသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်၍ အလယ်တန်း၊ အထက်တန်းတွင် ပညာဆက်လက် သင်ယူပြီးမြောက်ရေးသည် အရေးကြီး ပါကြောင်း၊ ဆရာဆရာမများအနေ ဖြင့် ကျောင်းသား ကျောင်းသူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို မေတ္တာ၊ ကရုဏာအသိစိတ်ဖြင့် သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေးအတွက် ပူးပေါင်း ကူညီ ဖြည့်ဆည်းပေးရန်အတွက် အလွန်အရေးကြီးပါကြောင်း။
မကွေး တိုင်းဒေသကြီးတွင် အခြေခံပညာသင်ယူခွင့် ပိုမိုတိုးတက် ရရှိနိုင်ရေးအတွက် ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့သည့်စာရင်းအရ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်း ၁၀၁၂ ကျောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၁၀၅၄ ကျောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၉၃၃ ကျောင်းဖြစ်၍ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၄၃၉၂ ကျောင်း ရှိလာပြီး မူလတန်းကျောင်းသား ၃၆၄၇၇၆ ဦး၊ အလယ်တန်းကျောင်းသား ၂၇၈၅၇၄ ဦး၊ အထက်တန်းကျောင်းသား ၁၁၂၁၃၃ဦး၊ စုစုပေါင်းကျောင်းသား ၇၅၅၄၈၃ ဦးဖြစ်လာ၍ မူလတန်းနှင့် အလယ်တန်းတွင် ကျောင်းတက်နှုန်း အလွန်မြင့်မားလာသည်မှာ ဂုဏ်ယူ ဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ သို့သော် မူလတန်းကျောင်းသား ကျောင်းသူအားလုံး စာဖတ်တတ်ရန်၊ ရေးတတ်ရန်နှင့် အခြေခံသင်္ချာတွက် တတ်ရန် အလွန်အရေးကြီးပါကြောင်း၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ် သဖြင့် အထူးအလေးထားကူညီပေး ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာန အနေဖြင့် လည်း မကွေးတိုင်းဒေသကြီးတွင် လိုအပ်လျက်ရှိသော မူလတန်းပြ ၅၄၉၃ ဦး၊ အလယ်တန်းပြ ၂၅၅၂ ဦး၊ အထက်တန်းပြ ၂၈၄၂ ဦးတို့ကို လျာထားနှစ်အလိုက် သတ်မှတ်အရည် အချင်းပြည့်မီသူများကို စိစစ်ရွေးချယ် သင်တန်းပေး၍ ဒေသခံများ ပိုမို ခန့်ထားရေးအတွက် ခွင့်ပြုချက်ရရှိ ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပေ(၆၀ x ၃၀) ကျောင်းဆောင် စုစုပေါင်း ၆၁၇၆ ဆောင်၊ စာရေးခုံ နှင့် ထိုင်ခုံ ၅၈၆၈၉ ခုံ၊ သန့်စင်ခန်း ၁၄၃၂၁ ခန်းတို့ကို ဖြည့်ဆည်းပေးရန် လိုအပ်ချက်ရှိပါကြောင်း၊ သောက်ရေ လုံလောက်မှုမရှိသဖြင့် လိုအပ်နေ သော ကျောင်း ၆၇၇ ကျောင်းရှိ ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနကမကွေးတိုင်းဒေသကြီးတွင် ငွေလုံး ငွေရင်း(တည်ဆောက်ရေး) ခွင့်ပြု ရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ တွင် ကျပ်သန်း ၁၀၉၆၉ ဒသမ ၇၅၈ ဖြင့် ကျောင်းဆောင် ၃၁၂ ဆောင်၊ ၂၀၁၇-၂၀၁၈ တွင် ကျပ်သန်း ၁၀၇၇၆ ဒသမ ၂ ဖြင့် ကျောင်းဆောင် ၂၅၆ ဆောင်၊ ၂၀၁၈-၂၀၁၉ တွင် ကျပ်သန်း ၁၇၇၅၆ ဒသမ ၅၆ ဖြင့် ကျောင်းဆောင် ၄၅၇ ဆောင်၊ ၂၀၁၉-၂၀၂၀ တွင် ကျပ်သန်း ၁၇၇၉၈ ဒသမ ၀ ဖြင့် ကျောင်းဆောင် ၂၆၈ ဆောင် စုစုပေါင်းကျောင်းဆောင် ၁၂၉၃ ဆောင်ကို ဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အထူးကျေးဇူးတင်ရှိ
မကွေး တိုင်းဒေသကြီးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စက်ပစ္စည်း၊ ပရိဘောဂ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၁၀၀ ဒသမ ၈၂၈ ဖြင့် ကွန်ပျူတာ ၁၄၆၈ လုံး၊ စာရေးခုံ (အမြင့်) ၁၅၀၆၈ ခုံ၊ စာရေးခုံ(အနိမ့်) ၂၅၁၅၁ ခုံ စသည်တို့ကိုလည်းကောင်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ် ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၁၀၈၅၈ ဖြင့်လည်း အဆောက်အဦများ ပြင်ဆင်ခြင်း၊ အပြီးသတ်ခြင်းလုပ်ငန်း ၅၇၅ ခု၊ လမ်းများ ဆောင်ရွက်ခြင်း ၁၂၁ ခု၊ ခြံစည်းရိုး၊ သန့်စင်ခန်း၊ ရေစနစ်များဆောင်ရွက်ခြင်းလုပ်ငန်း ၂၆၁၈ ခု တို့ကိုလည်း ဖြည့်ဆည်းပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် လည်း ယခုကဲ့သို့ပင် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နှစ်စဉ်ပညာရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနှင့် သက်ဆိုင်သော တည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး၊ စက်ပစ္စည်း ပရိဘောဂများ အားလုံးအတွက် လုပ်ငန်းအပ်နှံ ဆောင်ရွက်လျက်ရှိ သဖြင့် ပူးပေါင်းဆောင်ရွက်သော တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘဆရာ၊ ကျောင်းသားများ၊ ပြည်သူ များအားလုံးကို လုပ်ငန်းများ အချိန်မီအရည်အသွေးပြည့်မီစွာဖြင့် အကျိုး ရှိ ထိရောက်ပွင့်လင်းမြင်သာရေး ပူးပေါင်းကူညီပေးခဲ့ကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ပါကြောင်း။
အထူးသဖြင့် မကွေးတိုင်း ဒေသကြီးတွင် လိုအပ်နေသော ကျောင်းဆောင်များကို ၂၀၁၇-၂၀၁၈ တွင် ကျပ်သန်း ၁၉၂၁ ဒသမ ၇၄၇ ဖြင့် ၂၅ ဆောင်၊ ၂၀၁၈-၂၀၁၉ တွင် ကျပ်သန်း ၂၄၂၁ ဒသမ ၇၃၉ ဖြင့် ၂၁ ဆောင်၊ ၂၀၁၉-၂၀၂၀ တွင် ကျပ်သန်း ၅၁၆၀ ဒသမ ၅၄၅ ဖြင့် ၁၀ ဆောင်တို့ကို ဆောက်လုပ်လှူဒါန်း ခဲ့ကြသော ပြည်တွင်းပြည်ပ အလှူရှင် များကို အထူးကျေးဇူးတင်ရှိပြီး ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခု ကျောင်းဆောင်ကြီးမှ ဒေသဖွံ့ဖြိုးရေး ကို တာဝန်ယူတာဝန်ခံ ပူးပေါင်း ဆောင်ရွက်တတ်ပြီး ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသော လူသား ကောင်းများ ပြုစုပျိုးထောင်သင်ကြား သင်ယူ လေ့ကျင့်ပေးနိုင်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှု ရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က အမှာစကား ပြောကြားပြီး အလှူရှင် ဦးကျော်စည်သူက ဓနုဖြူ စာသင်ကျောင်းဆောင် လှူဒါန်းရခြင်း နှင့် ဝမ်းမြောက်စကားပြောကြား သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဓနုဖြူ စာသင်ကျောင်းဆောင် အလှူရှင် ဦးကျော်စည်သူနှင့်မိသားစု က အမှတ်တရပေးအပ်သည့် ဓနုဖြူ စာသင်ကျောင်းဆောင်၏ ဓာတ်ပုံအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ညောင်ပင်ရွာမိဘများ ၏ ကိုယ်စားမိဘဆရာအသင်းနာယက ဦးညီညီက ကျေးဇူးတင်စကား ပြောကြားပြီး စာသင်ကျောင်းဆောင် အလှူရှင် မိသားစုက စာသင်ကျောင်း ဆောင်နှင့် သက်ဆိုင်သော စာရွက် စာတမ်းများအား ပညာရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးအပ်သည်။
ယနေ့လှူဒါန်းသည့် ဓနုဖြူ စာသင်ကျောင်းဆောင်သစ်ကို အလှူ ရှင် ဦးကျော်စည်သူနှင့် ဒေါ်မြသီတာ မိသားစုက ပေ(၁၀၀ x ၃၀) RC နှစ်ထပ် ဓနုဖြူစာသင်ကျောင်း ဆောင်သစ်နှင့် စာရေးစားပွဲများ၊ စာသင်ခုံများကို တန်ဖိုး ငွေကျပ်သိန်း ၁၅၀၀ ခန့် အကုန် အကျခံ၍ ဆောက်လုပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment