Monday, October 21, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် စစ်ကိုင်း - မုံရွာ လေးလမ်းသွား ကတ္တရာကွန်ကရစ်(မုံရွာခရိုင်) လမ်းပိုင်းဖွင့်ပွဲအခမ်းအနား တက်ရောက်




Image may contain: one or more people
နေပြည်တော် အောက်တိုဘာ ၂၀




ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေတောင်ဟိုက်ဝေး ကုမ္ပဏီ လီမိတက်မှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်သည့် စစ်ကိုင်း- မုံရွာ လေးလမ်းသွား ကတ္တရာ ကွန်ကရစ်(မုံရွာခရိုင်) လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါလမ်းအပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အကျိုးကျေးဇူးများရရှိလာမည်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း၍ လမ်း - တံတား လုပ်ငန်းများကို B.O.T စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုကဲ့သို့ လမ်း- တံတား လုပ်ငန်းများကို B.O.T စနစ် ဖြင့် ဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်မှ B.O.T လုပ်ငန်းများတွင် ဘဏ္ဍာငွေကြေးစိုက်ထုတ်သုံးစွဲရန် မလိုအပ်ဘဲ အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများတွင် အသုံးပြုခြင်းဖြင့် ကဏ္ဍပေါင်းစုံတိုးတက်မည့် အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ လမ်း - တံတား လုပ်ငန်းများကို B.O.T စနစ်ဖြင့် ၁၉၉၆ ခုနှစ်က လားရှိုး - မူဆယ် လမ်းအပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုတိုင်းရင်းသား B.O.T ကုမ္ပဏီပေါင်း ၂၅ ဖွဲ့မှ လမ်းမိုင်ပေါင်း ၃၀၂၅ မိုင်ကို အဆင့်မြှင့်တင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ B.O.T ကုမ္ပဏီများ၏ လမ်း - တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့် မကိုက်ညီသည့် ပဋိညာဉ်စာချုပ်များကို နိုင်ငံတကာစံနှုန်းများနှင့်ညီညွတ်အောင် ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အရည်အသွေးကောင်း အောင် ဆောင်ရွက်ပေးထားသည့်လမ်းများကို သတ်မှတ်ထားသော ခွင့်ပြု တန်ချိန်အတိုင်း အသုံးပြုပြီး ပေးဆောင်ရမည့် လမ်းအသုံးပြုခ၊ ဝန်ဆောင်ခ ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီးအတွင်း လမ်း၊ တံတားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ချက်များနှင့် ရွှေတောင်ဟိုက်ဝေးကုမ္ပဏီလီမိတက်မှ ဦးအောင်ဇော်နိုင်က B.O.T စနစ်ဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများကို ရှင်းလင်းပြောကြားကြပြီး ရွှေတောင်ဟိုက်ဝေးကုမ္ပဏီလီမိတက်မှ စစ်ကိုင်း- မုံရွာ လေးလမ်းသွား ကတ္တရာ ကွန်ကရစ်(မုံရွာခရိုင်) လမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို Video Clip ဖြင့် ပြသသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ယင်းနောက် စစ်ကိုင်း-မုံရွာ လေးလမ်းသွား ကတ္တရာကွန်ကရစ် (မုံရွာခရိုင်) လမ်းအပိုင်းကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကတ္တရာ ကွန်ကရစ်လမ်းပိုင်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရှေ့ပြေးစီမံကိန်းဖြင့် ဆောင်ရွက်နေသည့် မုံရွာ - အမြင့်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။
မုံရွာ - အမြင့် ကွန်ကရစ်လမ်းသည် အရှည် လေးမိုင် လေးဖာလုံရှိပြီး စစ်ကိုင်း- မုံရွာ လမ်းမကြီးနှင့်ချိတ်ဆက်သွားလာနိုင်ပြီး ကျေးလက်ဒေသထုတ်ကုန်များကို မြို့ပြသို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည့်အပြင် လမ်းအသုံးပြုသော ကျေးရွာ ၇၆ ရွာမှ ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ကို အထောက်အကူပြုမည်ဖြစ်သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် မြင်းမူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသော အလ္လကပ္ပ - တောချောင်းဦး ကတ္တရာလမ်း၊ စစ်ကိုင်း - မုံရွာ လမ်းမကြီးပေါ်ရှိ ညောင်ပင်ဝန်းတံတားဟောင်း ကြံ့ခိုင်မှုနှင့် တံတားသစ် တည်ဆောက်မည့် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်

No comments:

Post a Comment