Friday, October 18, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတတို့ တွေ့ဆုံဆွေးနွေး

Image may contain: 2 people, people standing, child and indoor


နေပြည်တော် အောက်တိုဘာ ၁၇


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီတို့သည် ယနေ့ နံနက် ၁၁ နာရီ ၅ မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။


ပူးပေါင်းဆောင်ရွက်ရေး

တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရေး၊ ခရီးသွားနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ အကြား နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ Communication Sector ထူထောင်ရေး၊ နှစ်နိုင်ငံ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် နီပေါနိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုညီလာခံသို့ မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရေး၊ ၂၀၂၀ ပြည့် နှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ သူရဦးအောင်ကိုနှင့် ဦးကျော်တင်၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Krishna Udas လည်း တက်ရောက်သည်။


လက်မှတ်ရေးထိုး

ဆွေးနွေးပွဲ အပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတတို့သည် မြန်မာ-နီပေါ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက် ကြသည်။


အပြန်အလှန်လဲလှယ်

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတတို့ ရှေ့မှောက် ၌ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရနှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရ တို့အကြား ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် နီပေါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီတို့က လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် နီပေါဖက်ဒရယ် ဒီမို ကရက်တစ်သမ္မတနိုင်ငံ အစိုးရတို့ အကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီတို့က လည်းကောင်း လက်မှတ်ရေးထိုး ကြပြီး အပြန်အလှန် လဲလှယ်ကြ သည်။


သတင်းစဉ်

No comments:

Post a Comment