Friday, October 18, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတအား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေး

Image may contain: 5 people, people standing and indoor


နေပြည်တော် အောက်တိုဘာ ၁၇


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသော နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတအိမ်တော် မျက်နှာစာရှိ မြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနား ဖြင့် ကြိုဆိုသည်။


ကြိုဆိုနှုတ်ဆက်

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီသည် နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက် သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နီပေါဖက်ဒရယ်ဒီမို ကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ တို့သည် ဂုဏ်ပြုခံစင်မြင့်၌ နေရာယူ၍ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြ ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကာ တက်ရောက်လာကြသည့် နှစ်နိုင်ငံ အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။


ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား အပြီးတွင် နီပေါဖက်ဒရယ်ဒီမိုကရက် တစ်သမ္မတနိုင်ငံသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ သည် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်သည်တော်မှတ်တမ်း ၌ လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီတို့သည် နိုင်ငံတော် သမ္မတအိမ်တော်၌ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြ သည်။


အမြင်ချင်းဖလှယ် ဆွေးနွေး

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေး၊ မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်မှု နှစ်(၆၀)ပြည့် အခမ်း အနားများနှင့်အတူ ခရီးသွား ကဏ္ဍမြှင့်တင်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အထိမ်းအမှတ်ပွဲများ ကျင်းပရေး၊ နီပေါနိုင်ငံ၏ ခရီးသွားနှစ် အဖြစ် သတ်မှတ်ထားသည့် ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် နှစ်နိုင်ငံ ပြည်သူ တို့၏ ထိတွေ့ဆက်ဆံမှုနှင့် အပြန် အလှန် နားလည်မှုများတိုးတက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် ဆက်လက်ပူးပေါင်းဆောင်ရွက် ရေး၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ကြောင့် အကျိုးသက်ရောက်မှုများ လျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာသန်းမြင့်၊ ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Krishna Udas လည်း တက်ရောက်သည်။


သတင်းစဉ်

No comments:

Post a Comment