Sunday, October 27, 2019

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲပြုလုပ်

Image may contain: 6 people, people sitting

နေပြည်တော် အောက်တိုဘာ ၂၆
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၂၁ ခုမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က စစ်ပွဲဆိုင်ရာ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ရှင်းလင်းချက်များ၊ စစ်ပွဲဆိုင်ရာဥပဒေ (အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေ)၏ အခြေခံသဘောတရားများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်သည့် စီရင်ပိုင်ခွင့်၊ အဓိပ္ပာယ်ဖော်ပြချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တပ်မတော်ကဏ္ဍ၊ AA အဖွဲ့၏ လုပ်ရပ် များအပေါ် စစ်မှုထမ်းဟောင်းအဖွဲ့၏ သတင်းထုတ်ပြန် ချက်၊ ရခိုင်ပြည်နယ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်များအား ဖမ်းဆီးခေါ်ဆောင်သွားမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာ ကြသည့် သတင်းဌာနများက သိရှိလိုသည်များ မေးမြန်းမှု အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment