Tuesday, October 22, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြား




Image may contain: 2 people, people standing, suit, wedding and indoor
တိုကျို အောက်တိုဘာ ၂၁




ဂျပန်ဧကရာဇ်၏ ထီးနန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် ယနေ့နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြှင့်ရေး၊ သီလဝါစက်မှုဇုန်အပါအဝင် မြန်မာ-ဂျပန်စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု များအား ဆက်လက်တိုးမြှင့်သွားရေး၊ မြန်မာ နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဂျပန်အစိုးရက ဆက်လက် အကူအညီပေးအပ် သွားမည့်ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ဥက္ကဋ္ဌ Mr. Kazushige Nobutani ဦးဆောင်သောအဖွဲ့အား တိုကျိုမြို့ Meiji Kin-enkan ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရေး၊ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များနှင့် JETRO မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် Meiji Kinenkan ၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့် မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်းကို စာမျက်နှာ ၃ တွင် သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
မူဝါဒပြုပြင်ပြောင်းလဲမှုများ
ထို့နောက်ဆွေးနွေးပွဲ ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒပြုပြင် ပြောင်းလဲမှုများ၊ ရင်းနှီးမြှုပ်နှံသူများ အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတွင် ပါဝင်သည့်အားသာချက် များနှင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်း များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ JETRO မှ မန်နေဂျင်းဒါရိုက်တာ Mr. Kazufu- mi Tanaka က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိကြ သော ဂျပန်စီးပွားရေးကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်း ကျင်အပေါ် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုပြုလုပ်လျက်ရှိကြသော ဂျပန် ကုမ္ပဏီများ၏အမြင်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပသည်။
မြန်မာ-ဂျပန် စီးပွားရေးဆွေးနွေး
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသော ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် JETRO မှ မန်နေဂျင်း ဒါရိုက်တာတို့က မြန်မာ-ဂျပန် နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
၇၀၀ ကျော် တက်ရောက်
အဆိုပါ ဆွေးနွေးပွဲသို့ ဂျပန် နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၇၀၀ ကျော် တက်ရောက် ကြသည်။
JETRO သည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားကာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး ဂျပန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူ ဦးဆောင်သော မြန်မာ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ သံရုံးမိသားစုဝင်များနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံအမှာစကား ပြောကြား သည်။
တည်ခင်းဧည့်ခံ
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ သံရုံးက တည်ခင်းဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment