Saturday, October 19, 2019

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပြင်ဦးလွင်နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လေ့လာ

Image may contain: one or more people

နေပြည်တော် အောက်တိုဘာ ၁၈
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပြင်ဦးလွင်မြို့သို့ သွားရောက် လေ့လာပြီး ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခံရသည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း စေတီပုထိုးများအား ဖူးမြော်ကြည်ညို သည်။
ကြိုဆိုနှုတ်ဆက်
နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတ နိုင်ငံသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီနှင့် အဖွဲ့သည် နံနက်ပိုင်းတွင်  အထူးလေယာဉ် ဖြင့် နေပြည်တော်မှ ပြင်ဦးလွင်မြို့သို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် တာဝန်ရှိ သူများက အနီးစခန်းလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတသည် အဖွဲ့ဝင် များနှင့်အတူ ပြင်ဦးလွင်မြို့ရှိ ရှိရိဒူရ်ဂါဒေဝီ ဘုရားကျောင်းသို့ သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး ဘုရား ကျောင်းဝင်းအတွင်း လှည့်လည်ဖူးမြော် ကြည်ညို၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နီပေါနိုင်ငံသမ္မတသည် ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ နီပေါနွယ်ဖွား မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသည်။
လှည့်လည်ကြည့်ရှု
ထိုမှတစ်ဆင့် နီပေါနိုင်ငံသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ်ရှိ ဇီဝအသိုက်အဝန်း၊ ရှားပါးသစ်ပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ ထိန်းသိမ်းထားမှုကို လှည့်လည်ကြည့်ရှု လေ့လာသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတသည် ပြင်ဦးလွင်မြို့ရှိ Taj Restaurant ၌ မြန်မာ နိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် နီပေါနိုင်ငံသမ္မတနှင့် အဖွဲ့သည် အထူးလေယာဉ်ဖြင့် ပြင်ဦးလွင် မြို့မှ ညောင်ဦးမြို့သို့ရောက်ရှိရာ မန္တလေး တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် တာဝန်ရှိသူများက ညောင်ဦးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် နီပေါနိုင်ငံသမ္မတသည် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားသို့ သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ပြီး အဆိုပါဘုရားရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာ ကြည့်ရှုကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
လှည့်လည်ဖူးမြော်
ယင်းနောက် နီပေါနိုင်ငံသမ္မတနှင့်အဖွဲ့ သည် သဗ္ဗညုဘုရား၊ အလိုတော်ပြည့် ဘုရားနှင့် ရွှေစည်းခုံဘုရားတို့ကို မော်တော် ယာဉ်များဖြင့် လှည့်လည်ဖူးမြော် ကြည်ညို ကြသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတနှင့်အဖွဲ့ သည် ညောင်ဦးမြို့မှ ရန်ကုန်မြို့သို့ ညနေပိုင်း တွင် ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
တည်ခင်းဧည့်ခံ
ညပိုင်းတွင် နီပေါနိုင်ငံသမ္မတသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဘင်းကေ အူးဒက်စ်၏ နေအိမ်၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment