Saturday, October 19, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ASEAN-Korea Train ခရီးစဉ်ပိတ်ပွဲ တက်ရောက်

Image may contain: 10 people, people smiling, people standing 
အာဆီယံနှင့် ကမ္ဘာကြီး၏ နေရာဒေသတိုင်းတွင် ပိုမိုငြိမ်းချမ်းရေး ပူးပေါင်းပါဝင်ကြရန် ဆန္ဒပြုပြောကြား



ဆိုးလ် အောက်တိုဘာ ၁၈


အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ နယ်ပယ် စုံမှ ကိုယ်စားလှယ်များပါဝင်သည့် ASEAN-Korea Train ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးသည့်ပိတ်ပွဲအခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Grand Hyatt Seoul Grand Ballroom ၌ ယနေ့ ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ကိုရီးယား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mrs. Kang Kyung-wha က ခရီးစဉ် ရည်ရွယ်ချက်နှင့် ခရီးစဉ် အောင်မြင်စွာဖြင့် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက် များကို ဖော်ဆောင်နိုင်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြောကြားသည်။


ယဉ်ကျေးမှု အသိအမြင်တိုးတက်

ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားရာ တွင် ဤနေ့သည် Seoul , Gyeonju, Busan , Sunchoen နှင့် Gwangju မြို့များကို ၃ ရက်တာ ခရီးစဉ် ပြီး မြောက်အောင်မြင်သည့်နေ့ ဖြစ်ပါ ကြောင်း၊ တစ်မြို့ချင်းစီ၌ ကိုယ်ပိုင် ထင်ရှားသည့် အချက်များရှိနေပြီး မိမိတို့အားလုံးသည် ဤခရီးစဉ်တွင် ပျော်ရွှင်ခဲ့ရပါကြောင်း၊ KBS Open Concert ၏ တင်ဆက်မှုများ၊ ရထား ပေါ်မှ ဖျော်ဖြေတင်ဆက်မှုများ၊ ကိုရီး ယားရိုးရာ အစားအသောက်များ၊ Gwangju မြို့၌ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များမှ တစ်ဆင့် ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်များ လည်း တိုးတက်ရရှိခဲ့ပါကြောင်း။


ကိုရီးယားနိုင်ငံ၏ အစည်ကား ဆုံးနှင့် စီးပွားရေးအရ အရေးပါသည့် ဘူဆန်ဆိပ်ကမ်းမြို့တွင် ကျင်းပခဲ့ သော ASEAN-Korea Prosperity Night ကို တက်ရောက်ခွင့်ရခဲ့သည့် အတွက်လည်း ပျော်ရွှင်ခဲ့ရပါကြောင်း။
ကိုရီးယားနိုင်ငံ၏ စိုစွတ်သည့် ကမ်းခြေဒေသဖြစ်သည့် Suncheon Bay နှင့် သာယာလှပသည့် မြို့ပြ များကလည်း လေ့လာလည်ပတ်ချင် စရာကောင်းလှပါကြောင်း။


နယ်ပယ်ကဏ္ဍစုံ ပူးပေါင်း

မိမိတို့အာဆီယံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင် များ၊ အကြီးအကဲများကလည်း အာဆီယံကို နယ်ပယ်ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းခိုင်မာအောင် ဆောင် ရွက်ရန် ကတိပြုပြောကြားထားပြီး ဖြစ်ပါကြောင်း။
ပြည်သူ၊ ငြိမ်းချမ်းရေးနှင့် သာယာ၀ပြောရေးဆိုသည့် မဏ္ဍိုင် သုံးရပ်ကို အခြေခံပြီး အာဆီယံ-ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်း ရန်၊ အားကောင်းခိုင်မာရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်ဂျေအင်း စတင်ခဲ့သည့် တောင်ပိုင်း ဆိုင်ရာမူဝါဒသစ် (Southern Policy)နှင့် မူဝါဒသစ်ကို အကောင်အထည် ဖော် ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ကော်မတီများကိုလည်း အသိအမှတ် ပြုသည်ဟု အာဆီယံခေါင်းဆောင် များကလည်း ပြောကြားထားပြီး ဖြစ်ပါကြောင်း။


မိမိတို့၏ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကလည်း တဖြည်းဖြည်း တိုးတက်နေပါ ကြောင်း၊ ထို့အပြင် လာမည့် ၂၀၂၀  ပြည့်နှစ်တွင် အာဆီယံနှင့် ကိုရီးယား သမ္မတ နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံ ရရှိရန် မျှော်မှန်းထားပါကြောင်း၊ လူငယ်များ နှင့် မီဒီယာကဏ္ဍကို အားပေးမြှင့်တင် သည့်အနေဖြင့် နှစ်နိုင်ငံပြည်သူများ အကြား အပြန်အလှန် ကူးလူးဆက်ဆံ မှုမှာ ၁၅ သန်းအထိ တိုးတက်လာရန် အတွက် ဦးတည်ဆောင်ရွက်နေပါ ကြောင်း။
ယနေ့ခေတ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုရီးယား သမ္မတနိုင်ငံနှင့် ကောင်းမွန်သည့် ဆက်သွယ်ဆက်ဆံမှုများ ရရှိနေကြ ပြီဖြစ်ပါကြောင်း။


ပြည်သူအချင်းချင်းဆက်ဆံမှုများ

ယဉ်ကျေးမှုဆိုင်ရာများတွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက် မှုများ၊ ပြည်သူအချင်းချင်းအကြား ဆက်ဆံဆောင်ရွက်မှုများ အရှိန် အဟုန်ဖြင့် လျင်လျင်မြန်မြန် တိုးတက်လျက်ရှိပါကြောင်း။
အာဆီယံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံ ဆောင်ရွက်မှုများ တိုးတက်လာစေရန် အတွက် အာဆီယံ-ကိုရီးယား ဗဟို ဌာနသည် အရေးပါသည့် အခန်း ကဏ္ဍတွင် ရပ်တည်နေသည်ဆိုတာ ကိုလည်း ပြောကြားလိုပါကြောင်း။


ယင်းကဲ့သို့ မိမိတို့ စိတ်ထဲ၊ နှလုံး သားထဲမှ အတူတကွ ပူးပေါင်းဆောင် ရွက်မှု၊ တည်ကြည်ဂုဏ်သိက္ခာရှိမှု များနှင့်အတူ လာမည့်အနာဂတ်တွင် ကိုရီးယားကျွန်းဆွယ်ဒေသ၊ အာဆီယံ အသိုက်အဝန်းနှင့် ကမ္ဘာကြီး၏ နေရာ ဒေသတိုင်းတွင် ပိုမိုငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးအတွက် ပူးပေါင်း ပါဝင်ကြရန် ဆန္ဒပြုပြောကြားလိုပါ ကြောင်း။
နိဂုံးချုပ်အနေဖြင့် အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ တက်ရောက်လာကြ သူများကိုယ်စား ပြောကြားလိုသည် မှာ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အာဆီယံ-ကိုရီးယား ဗဟိုဌာနနှင့် ဤအစီအစဉ် ဖြစ်မြောက် အောင် ဝိုင်းဝန်းကူညီကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။


ထပ်မံ ပြောကြားလိုသည်မှာ ASEAN-Korea Train အစီအစဉ် အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြု အပ်ပါကြောင်းနှင့် ဘူဆန်မြို့တွင် ကျင်းပမည့် ASEAN – ROK Commemorative Summit ကြီး အောင်မြင်ရန်အတွက် ဆန္ဒပြုလိုပါ ကြောင်း ပြောကြားသည်။


ဒေသတွင်းရှိ ပြည်သူများသိစေရန်

ASEAN-Korea Train အစီအစဉ် သည် နှစ် ၃၀ ပြည့် အာဆီယံ- ကိုရီးယားဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကိုရီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် အာဆီယံ-ကိုရီးယား ဗဟို ဌာနတို့မှ ပူးပေါင်းပြုလုပ်သည့် ခရီးစဉ်ဖြစ်ပြီး အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးကို ဒေသတွင်းရှိ ပြည်သူများ သိရှိလာစေရန်နှင့် ASEAN-ROK Commemorative Summit အောင်မြင်စွာ ကျင်းပနိုင် စေရန်နှင့် 30th Anniversary of ASEAN-ROK Dialogue Relations ကျင်းပနိုင်စေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်သည်။
ASEAN-Korea Train အစီအစဉ် တွင် အာဆီယံ-ကိုရီးယားရှိ ပြည်သူ များအချင်းချင်း ယဉ်ကျေးမှု၊ စီးပွားရေး အပြန်အလှန် ချိတ်ဆက်မှု ကို အခြေခံပြီး ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာ လာစေရန် ဦးတည်ဆောင်ရွက်ခြင်း ဖြစ်သည်။


မြန်မာကိုယ်စားလှယ်အဖွဲ့ဆင်နွှဲ

ASEAN-Korea Train အစီအစဉ် ဒုတိယနေ့ဖြစ်သည့် ၁၇-၁၀-၂၀၁၉ ရက်နေ့တွင် ဘူဆန်မြို့မှ ဂွမ်ဂျူး၊ ထိုမှ တစ်ဆင့် ဆိုးလ်မြို့သို့ သွားရောက် ကြသည်။ ထို့နောက် ဆန်ချီအွန်ရှိ Suncheon Bay Wetland ကို လေ့လာကြပြီး ဂွမ်ဂျူးမြို့ရှိ Asia Culture Center (ACC) တွင် ခရီးစဉ် အထိမ်းအမှတ် မီးအလှဆင် ထွန်းညှိ ပြသမှုများ ဆောင်ရွက်ခဲ့ကြကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သံအမတ်ကြီး ဦးသန့်စင်နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။


ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆိုးလ်မြို့ရှိ Hanok Village နှင့် N Seoul Tower တို့ကို သွားရောက် ကြည့်ရှုလေ့လာကြသည်။
ပြည်ထောင်စု ဝန်ကြီးသည် Korea TV နှင့် တွေ့ဆုံ၍ ကိုရီးယား နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ လည်း ကောင်း၊ New Sourthen Policy ဆိုင်ရာနှင့်ပတ်သက်၍ လည်းကောင်း မေးမြန်းမှုများကို ဖြေကြားခဲ့သည်။


သတင်းစဉ်

No comments:

Post a Comment