Sunday, September 1, 2019

ဟောင်ကောင် အဓိကရုဏ်း ပိုမိုပြင်းထန်လာဥပဒေပြုလွှတ်တော်အမတ် သုံးဦးအား ဖမ်းဆီးထား
No photo description available.
ဟောင်ကောင် ဩဂုတ် ၃၁
ဟောင်ကောင်ဆန္ဒထုတ်ဖော်သူများက ဩဂုတ် ၃၁ ရက် တွင် မြို့အတွင်းရှိ လမ်းမများပေါ်တွင် စီတန်းကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ 
အချို့ဆန္ဒထုတ်ဖော်သူများက ဥပဒေပြုကောင်စီနှင့် အစိုးရရုံးအဆောက်အအုံများအနီး ကာကွယ်တားဆီးထား သော အကာအကွယ်များကို ဖျက်ဆီးခဲ့သည်။ ရဲအရာရှိ များကလည်း မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များ အသုံးပြုကာ ဆန္ဒထုတ်ဖော်သူများအား လူစုခွဲခဲ့သည်။
ဩဂုတ ၃၁ ရက်တွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ရန် စီစဉ်ထားမှုကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူအဖွဲ့ တစ်ဖွဲ့က ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပြည်သူ များက ဟောင်ကောင်မြို့တွင်းရှိ လမ်းမများပေါ်တွင် စုဝေး ကာ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဟောင်ကောင်ဆန္ဒထုတ်ဖော်သူများနှင့် ရဲအရာရှိများ အကြား အဓိကရုဏ်းများ မြင့်တက်နေစဉ် ဟောင်ကောင်ရဲ များက ဥပဒေပြုလွှတ်တော်အမတ်သုံးဦးအား ဩဂုတ် ၃၀ ရက်တွင် ဖမ်းဆီးခဲ့သည်။
ဇူလိုင် ၁ ရက်တွင် ချန်ချောင်တိုင်သည် ဥပဒေပြု အာဏာပိုင်အဖွဲ့ အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက် ပြီး အတွင်းရှိပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲကာ ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။
ဥပဒေပြု လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် အူနော့ ဟင်နှင့် ဂျီရီမီတမ်တို့သည် ရဲအရာရှိများ၏ တာဝန်ဝတ္တရား ကို နှောင့်ယှက်သည်ဟု စွပ်စွဲကာ ၎င်းတို့အား ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ဩဂုတ် ၂၉ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများအနက် ၂၀၁၄ ခုနှစ် the Umbrella Movemen လှုပ်ရှားမှုတွင် အဓိကပါဝင်ခဲ့ သည့် ဂျူရှူရာဝေါင်နှင့် အန်ဂ်ျနီးချောတို့ပါဝင်သည်။ ၎င်းတို့သည် ဟောင်ကောင်အကြီးအကဲ ရာထူးနေရာ အတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် ၎င်းတို့နှစ်ဦးကို ဩဂုတ် ၃၀ ရက်တွင် အာမခံချက်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ဆိုသည်။
ဟောင်ကောင်အား လွတ်လပ်ရေးရရှိရန် တောင်းဆို ခဲ့သော ဟောင်ကောင် အမျိုးသားပါတီခေါင်းဆောင်ကို ရဲအရာရှိများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဟောင်ကောင် ရာဇဝတ်မှုကျူးလွန်သူများကို တရုတ်အာဏာပိုင်လက်သို့ လွှဲပြောင်းပေးရမည်ဆိုသည့် ဥပဒေကြမ်းကို ကျေနပ်မှုမရှိသည့်အတွက် ဇူလိုင်လတွင် ဆန္ဒထုတ်ဖော်မှုများ စတင်လုပ်ဆောင်ခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်သူများအနက် ငါးဦးကို ဟောင်ကောင်ရဲများ က ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကိုးကား-အေအက်ဖ်ပီ၊ အင်န်အိတ်ခ်ျကေ
ဘာသာပြန်-အောင်ကျော်ကျော်

No comments:

Post a Comment