Sunday, September 1, 2019

တရုတ်နိုင်ငံရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများအား အမိမြေသို့ ပြန်လာရန် သမ္မတထရန့် မျှော်လင့်
No photo description available.
ဝါရှင်တန် ဩဂုတ် ၃၁
အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံအကြား ဖြစ်ပွားလျက်ရှိ သည့် ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက အလျှော့ပေးမှုတစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိပါက တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာများ ထိခိုက်နိုင် ဖွယ်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၃၀ ရက်က အိမ်ဖြူတော်တွင် သမ္မတ ထရန့် က မီဒီယာများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံရှိ အမေရိကန်စီးပွားရေးကုမ္ပဏီများ၏ ၁၃ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံမှ ထွက်ခွာရန် စီစဉ် လျက်ရှိကြောင်း စစ်တမ်းများအရ သိရသည်ဟု သမ္မတ ထရန့်က ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ အမေရိကန်စီးပွားရေးကုမ္ပဏီများအား အမိမြေသို့ ပြန်လည်အခြေချကာ ရင်းနှီးလုပ်ကိုင်ရန် သမ္မတ ထရန့်က မျှော်လင့်လျက်ရှိပါကြောင်း ပြောကြား ခဲ့သည်။
အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးကိုယ်စားလှယ် များကလည်း နှစ်နိုင်ငံ သဘောတူညီမှုတစ်ရပ် ရရှိနိုင်ရန် အတွက် အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။ စက်တင်ဘာ လအတွင်း ထပ်မံတွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ် ထားကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ခ်ျကေ
ဘာသာပြန်-အောင်ကျော်ကျော်

No comments:

Post a Comment