Thursday, September 5, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် နှင့် တွေ့ဆုံ
Image may contain: 2 people, people smiling, people standing
နေပြည်တော် စက်တင်ဘာ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ Mrs. Christine Schraner Burgener ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ထိုသို့တွေ့ဆုံရာ၌ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ မြန်မာဘက်မှ စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စာရင်းများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားမှု၊ ဘင်္ဂလားဒေ့ရှ် ဘက်မှစာရင်းအတိုင်း ပို့ဆောင်လာပါက ပြန်လည်နေရာချထားရာတွင် ၎င်းတို့၏မူလနေထိုင်ရာ ရွာအလိုက် နေရာချထားနိုင်ပြီး လုံခြုံရေးကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်မှု၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ်အား လွှတ်တော်မှ အတည်ပြုနိုင်ခဲ့မှု၊ ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ် တုံ့ပြန်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးတွဲသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး သက်ဆိုင်ရာကော်မတီများဖွဲ့စည်း၍ လုပ်ငန်းစီမံချက် တစ်ခုရေးဆွဲနေမှု၊ ရခိုင်ပြည်နယ် အရေးကိစ္စ ဆောင်ရွက်ရာ တွင်အရေးပါသော ကဏ္ဍများဖြစ်သည့် လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်မှုနှင့် အကြံပြုချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment