Thursday, September 5, 2019

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၉) ကျင်းပ
Image may contain: 1 person, sitting, table and indoor
နေပြည်တော် စက်တင်ဘာ၄
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၉) ကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည့်ပြည့်စုံစုံတင်ပြရန်လို
အစည်းအဝေးသို့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက ဦးစီးကော်မတီ၏ နောက်ဆုံးအကြိမ် အစည်းအဝေးကို ယခုလ ၁၁ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရန်ကျန်ရှိသည့် ကိစ္စအားလုံးကို ဆွေးနွေးဆုံးဖြတ်နိုင်ရန်အတွက် လုပ်ငန်းကော်မတီများက ပြည့်ပြည့်စုံစုံ တင်ပြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ဖွယ်ရာများကို သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ပြီးစီးပြီဟု သိရှိရပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြရမည့်ကိစ္စများ မကျန်ရှိစေရန်အတွက် ပြည့်ပြည့်စုံစုံ တင်ပြကြရန် ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment