Thursday, September 5, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
Image may contain: 6 people, people smiling, people standing and indoor
နေပြည်တော် စက်တင်ဘာ ၄
ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဒုတိယသမ္မတဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
တက်ရောက်
အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သူရဦးအောင်ကို၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဦးစိုးအောင်၊ ဦးလှမော်ဦး၊ အမြဲတမ်း အတွင်းဝန်များနှင့် အလှူရှင် လမ်းနှင့် တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာ၀ဘေး အန္တရာယ်များ ပိုမိုများပြားလာခြင်း၊ ပိုမိုအင်အား ပြင်းထန်လာခြင်းများသည် ထူးခြားစွာခံစားလာရသည့် ဘေးအန္တရာယ်များ မဟုတ်တော့ဘဲ ကမ္ဘာပေါ်တွင် ပုံမှန်ဖြစ်ပေါ်ခံစားလာရသော ဘေးအန္တရာယ်များဖြစ် လာနေသည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ နှစ်စဉ် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနေရချိန်တွင် အစိုးရသာမကပြည်သူများ၊ လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်သည့် အလေ့အထ ပိုမိုအားကောင်းလာသည်နှင့်အမျှ ဘေးအန္တရာယ်ခံစားရသူများအတွက် ပိုမိုကောင်းမွန်သည့် ကူညီစောင့်ရှောက် မှုများ ပေးနိုင်လာသည်ကို တွေ့ရှိရပါကြောင်း။
အသိအမှတ်ပြု
ယခုနှစ်မိုးဦးကျတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးများ ကြုံတွေ့ ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များ အသင်းမှ အလှူငွေပေးအပ်လှူဒါန်းလာသည့်အတွက် သဘာဝဘေးဒဏ်ခံစားနေရသူများ ကိုယ်စား၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း။
နောင်တွင်လည်း သဘာဝဘေး ရင်ဆိုင်ကြုံတွေ့လာချိန်များတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အစိုးရနှင့်အတူ တတ်နိုင်သမျှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လည်း ဖိတ်ခေါ်လိုပါကြောင်း၊ လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအနေဖြင့်လည်း ယခုကဲ့သို့လှူဒါန်းမှုများ ဆက်လက် ဆောင်ရွက်နိုင်ပါစေ ဟုဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ ဦးရဲမြင့်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွင်းရှိ ရေးဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များက ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေကျပ်သိန်း (၄၅၀)ကို ပေးအပ်လှူဒါန်းရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်းစဉ်

No comments:

Post a Comment