Saturday, September 21, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Han Zheng တို့ တွေ့ဆုံဆွေးနွေး

Image may contain: 7 people, flower and indoor


နန်နင်း စက်တင်ဘာ ၂၀


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်Mr. Han Zheng တို့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် နန်နင်းမြို့ရှိLi Yuan International Conference Center ၌ တွေ့ဆုံ ဆွေးနွေးကြသည်။


ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရေး

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန် အလှန်ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့် ဆောင်ရွက်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ဆိုင်ရာ စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဆန်စပါး၊ ပဲ၊ ပြောင်း၊ သကြား၊ သစ်သီး၀လံနှင့် ရေထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နည်းပညာနှင့် လေ့ကျင့်ရေးဆိုင်ရာများ အကူအညီပေး ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဂုဏ်ပြုညစာစားပွဲတက်ရောက်

ညပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ တရုတ်နိုင်ငံ အစိုးရက Li Yuan International Conference Center ၌ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


သတင်းစဉ်

No comments:

Post a Comment