Saturday, September 21, 2019

နီပေါနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ

Image may contain: 6 people, people smiling, people standing


ရန်ကုန် စက်တင်ဘာ ၂၀


နီပေါနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲ တွင် ရန်ကုန်မြို့ တာမွေမြို့နယ် နတ်မောက်ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံရုံး၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး ဒေါ်ခိုင်နွယ်ဦးတို့ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် နီပေါနိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး Mr. Bhim Krishna Udas နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်တို့က နှုတ်ခွန်းဆက်စကား ပြောကြား ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးနှင့် ဇနီး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးတို့က နီပေါနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြပြီး ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးနှင့်ဇနီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။


တက်ရောက်

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

သတင်းစဉ်

No comments:

Post a Comment