Monday, September 2, 2019

ကျောက်ကြီးမြို့၌ (၁၃၁)ကြိမ်မြောက် ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပမည်
Image may contain: outdoor, water and nature
ကျောက်ကြီး စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့၌ (၁၃၁)ကြိမ် မြောက် ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှစတင်၍ ကိုးရက်တိုင်တိုင် စည်ကားစွာကျင်းပမည် ဖြစ်ကြောင်း သိရ သည်။
ကျင်းပမည်
အဆိုပါပွဲတော်ကို မြို့နယ်သံဃာ့ဝန်ဆောင် ဥက္ကဋ္ဌ ရှင်သီ၀လိတောင်တော်မြတ်၏ ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ မိန့်ကြားချက်နှင့်အညီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ စီစဉ်ညွှန်ကြားမှု ဖြင့် ပွဲတော်ကျင်းပရေး ကော်မတီ ခုနစ်ခု ဖွဲ့စည်းကာ စည်ကားစွာ ကျင်းပသွားမည်ဖြစ်သည်။
အစဉ်အလာကြီးမား
ကျောက်ကြီးမြို့နယ်၏ အစဉ်အလာကြီးမား သော ပွဲတော်ကြီးဖြစ်သည့်အပြင် တောင်သူ လယ်သမားများ၏ ထွန်တုံးပိတ်ပွဲ အမွှမ်းတင်သည့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကြီးကို လှေအသင်း ၁၀၀ ကျော်ဖြင့် ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ မြို့လယ် ချောင်းအတွင်း၌ အမျိုးသား ငါးတက်၊ အမျိုးသမီး ခုနစ်တက်၊ အမျိုးသား ချောတိုင် တက်ပွဲ၊ ပုဏ္ဏားယိမ်း၊ အမျိုးသမီး တက်ခုတ်ယိမ်းနှင့် မြို့နယ်အားကစား ကွင်း၌ ကျေးရွာအုပ်စုများမှ ဘောလုံး အသင်းပေါင်း ၂၈ သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ညပိုင်း တွင် ရှင်ဥပဂုတ္တရဟ္တာမြတ်အား မီးမျှောပူဇော် ကြပြီး အငြိမ့်ဇာတ်ပွဲဖျော်ဖြေမှုများ ထည့်သွင်းထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
ကိုသားကြီး(ကျောက်ကြီး)

No comments:

Post a Comment