Monday, September 2, 2019

ပညာရေးကဏ္ဍ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Image may contain: 2 people, people sitting, table and indoor
ရန်ကုန် စက်တင်ဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍ ဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံး နိုင်ခြေစီမံခန့်ခွဲမှုကွန်ရက် (MPD Network) တို့က ပူးပေါင်း၍ ပညာရေးကဏ္ဍတွင် သဘာ၀ဘေးအ္တရာယ် ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့ရှိ SUMFCCI ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပြောကြား
ဆွေးနွေးပွဲတွင် SUMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးနှင့် MPD Network နာယက ဦးသက်ဝင်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်òန်ကြားရေးမှူး ဦးစံကုန်းက မြန်မာနိုင်ငံတွင် ခုနှစ်အလိုက် ဖြစ်ပွားခဲ့သည့် မီးဘေး၊ ရေဘေး၊ လေဘေးများတွင် ဆုံးရှုံးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြား၍ တက်ရောက်ကြသူများက ပညာရေးကဏ္ဍတွင် သဘာ၀ဘေးအ္တရာယ်ဆိုင်ရာ အသိ ပညာပေး ထည့်သွင်းသင်ကြားနေမှုများကို ဆွေးနွေးတင်ပြ ကြသည်။
မြန်မာနိုင်ငံ၌ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မီးဘေး ၅၄၈ခု၊ ရေဘေး ၂၂၃ ခုနှင့် လေဘေး ၇၅၂ ခု ကြုံတွေ့ခဲ့ရပြီး လူ ၄၃ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မီးဘေး ၆၂၀ ခု၊ ရေဘေး ၂၇၉ခုနှင့် လေဘေး ၁၄၄၈ ခု ကြုံတွေ့ခဲ့ရပြီး လူ ၇၀ သေဆုံးခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင် ထားမှုအနေဖြင့် Cyclone Shelter ပေါင်း ၂၂၈ လုံး တည်ဆောက်ထားပြီး ဆက်လက်တည်ဆောက်သွားရန် ရှိကြောင်း၊ Cyclone Shelter များသည် ကျောင်းစာ သင်ခန်းအဖြစ် အသုံးပြုနိုင်ပြီး ပညာရေးကဏ္ဍအနေဖြင့် ဆရာ ဆရာမများက အသိပညာပေးသင်ကြားရေးနှင့် အစားအသောက်ဘေးကင်းရေး ပညာပေးလုပ်ငန်းများကိုပါ ထည့်သွင်းဆောင်ရွက်သင့်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးစံကုန်းက ဆွေးနွေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍ ဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကွန်ရက်မှ တွဲဖက်ဥက္ကဋ္ဌ ဒေါ်မေ ပုလဲသွယ်က "ကျောင်းသား ကျောင်းသူတွေအတွက် လက်တွေ့ဆောင်ရွက်မယ့်ခေါင်းစဉ်နဲ့ ပညာရေးကဏ္ဍမှာ လိုအပ်တဲ့ SWOT Analysis အရ သူတို့ရဲ့အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲ၊ ဘယ်အချက်တွေက အထောက်အပံ့ပေးမှာလဲ၊ ဘယ်အချက်တွေက အဟန့်အတားဖြစ်စေလဲဆိုတာကို ဆွေးနွေးပြီးရင် recom mendation ကို ထည့်သွင်းဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေး သွားမှာပါ။ အရေးကြီးလို့ တစ်နိုင်ငံ လုံးလုပ်ဖို့ လိုအပ်ပါတယ်။ သတင်းတွေအရ ကျောင်းပေါင်း တစ်ရာကျော်လောက်ပဲ လုပ်တာရှိတယ်လို့သိရတယ်။ ဒီထက် အလုပ်ရုံဆွေးနွေးပွဲတွေကို မကြာခဏလုပ်ပြီး ကျောင်းသင်ခန်းစာနဲ့ ချိတ်ဆက်ပြီး သေသေချာချာ လေ့ကျင့် ရမယ်ဆိုတာ ပြောချင်ပါတယ်"ဟု ပြောသည်။
အထကကျောင်းခွဲ အလက(၈) မရမ်းကုန်းမြို့နယ်မှ အလယ်တန်းကျောင်းအုပ် ဒေါက်တာယုမွန်သော်က ဆွေးနွေးပွဲတက်ရောက်မှုနှင့်ပတ်သက်၍ "သဘာ၀ဘေး အန္တရာယ်ဆိုတာ ကြုံတွေ့ခဲ့ရင် ဘယ်လိုတွေကာကွယ် ရမယ်၊ အသက်ရှင်ရပ်တည်ဖို့အတွက် ဘယ်လိုတွေ ဆောင်ရွက်ရမယ်ဆိုတာ ကလေးတွေကို လှုပ်ရှားမှုလေး တွေနဲ့ ဟောပြောအသိပညာပေးသွားပါမယ်" ဟု ပြောသည်။
ယနေ့ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ အစိုးရနှင့် ပုဂ္ဂလိက အခြေခံပညာကျောင်း များမှ ဆရာ ဆရာမများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သန့်ဇင်ဝင်း

No comments:

Post a Comment