Monday, September 2, 2019

ယီမင်အကျဉ်းထောင်တစ်ခုအပေါ် ညွန့်ပေါင်းတပ်ဖွဲ့ လေကြောင်းတိုက်ခိုက် အကျဉ်းသား ၅၀ ထက်မနည်း သေဆုံး၊ ၁၀၀ ခန့် ဒဏ်ရာရ
Image may contain: one or more people, people standing and outdoor
ဆာနား စက်တင်ဘာ ၁
ယီမင်နိုင်ငံ အလယ်ပိုင်း ဒါမာ ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခု အပေါ် ဆော်ဒီအာရေဗျ ဦးဆောင် သော အာရပ်ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက် မှုများကြောင့် အကျဉ်းသား ၅၀ ထက်မနည်း သေဆုံး ခဲ့ကြောင်း ဟူသီထိန်းချုပ် သော ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။
ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က အဆိုပါ အကျဉ်း ထောင်အား ပစ်မှတ်ထားပြီး စစ် လေယာဉ်များဖြင့် ခုနစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်အကျဉ်း သား ၅၀ ကျော် သေဆုံးပြီး ကျန် ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း၊ ဒဏ်ရာရရှိသူများအနက် တချို့မှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိ ကြောင်း ဟူသီထိန်းချုပ်သော ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တစ်ရပ်တွင် ဖော်ပြ ထားသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့သည် အဆောက်အအုံ အကျိုးအပဲ့များ အောက်တွင် ပိတ်မိသွားဖွယ်ရှိသည့် အသက်ရှင် ကျန်ရစ်သူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ရှေ့တန်း စစ်မျက်နှာများတွင် အစိုးရတပ်နှင့် ပူးတွဲပြီး တိုက်ပွဲဝင်နေ ကြစဉ် ဖမ်းဆီးခံထားရသည့် အကျဉ်း သား ၁၇၀ ခန့်ကို အဆိုပါ အကျဉ်း ထောင်ထဲတွင် လနှင့်ချီကြာ ထိန်းသိမ်းထားကြောင်း၊ အဆိုပါ အကျဉ်းသား များသည် မကြာမီ ရက်များအတွင်း ပြုလုပ်မည့် အကျဉ်း သားလဲလှယ်ရေး အစီအစဉ်တစ်ခု တွင် အကျဉ်းထောင်မှ လွှတ်ပေးရန် စီစဉ်ထားကြောင်း ဟူသီအုပ်စုပိုင် အယ်မာဆီရ ရုပ်သံလွှင့်ဌာနက ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်တွင် ရေးသား ဖော်ပြထားသည်။
သို့သော် ဆော်ဒီအာရေဗျ ဦးဆောင်သော အာရပ်ညွန့်ပေါင်း တပ်ဖွဲ့ကမူ ယီမင်နိုင်ငံ အလယ်ပိုင်း ဒါမာမြို့အပေါ် ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုများသည် ဟူသီအုပ်စု၏ ဒုံးကျည်ရန်ကာကွယ် ရေးစနစ်နှင့် မောင်းသူမဲ့ ဒရုန်း လေယာဉ်များ သိုလှောင်ထားသည့် နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဆော်ဒီအာရေဗျ နိုင်ငံပိုင် အယ်လ်အာရဘီယာ ရုပ်သံ လွှင့်ဌာနက ၎င်း၏ တွစ်တာစာမျက် နှာပေါ်တွင် ရေးသားဖော်ပြထား သည်။
ဒါမာမြို့သည် ယီမင်နိုင်ငံ၏ မြို့တော် ဆာနားမြို့မှ ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိပြီး ဆာနား၊ ဒါမာနှင့် နိုင်ငံ၏မြောက် ဘက်ရှိ ပြည်နယ်အများအပြားသည် ၂၀၁၄ ခုနှစ်ကတည်းက ဟူသီအုပ်စု ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက် ခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံသည် နိုင်ငံတကာက အသိအမှတ်ပြုသော ယီမင်သမ္မတ မန်ဆောဟာဒီကို ထောက်ခံအားပေးသည့်အနေဖြင့် အီရန်နိုင်ငံအား ကျောထောက် နောက်ခံပြုသော ယီမင်အခြေစိုက် ဟူသီအုပ်စုအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုများတွင် အာရပ် ညွန့်ပေါင်းတပ်ဖွဲ့အား လေးနှစ်ကျော် ကြာ ဦးဆောင်လာခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ

No comments:

Post a Comment