Monday, September 2, 2019

ပါလီမန်အား တစ်လတိတိ ဆိုင်းငံ့သည့် ဝန်ကြီးချုပ် ဂျွန်ဆင်၏ ဆုံးဖြတ်ချက်ကို ပြည်သူများ ကျေနပ်မှုမရှိ 
Image may contain: one or more people, crowd and outdoor
လန်ဒန် စက်တင်ဘာ ၁
ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက်မည့် နောက်ဆုံး သတ်မှတ်ရက်မတိုင်မီ ရက်အနည်းငယ်သာလိုတော့ သည့်အချိန်တွင် ပါလီမန်အစည်းအဝေးကို တစ်လတိတိ ဆိုင်းငံ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် ပြည်သူထောင်ပေါင်း များစွာက မြို့များအတွင်းရှိ လမ်းမများပေါ်တွင် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။ 
နိုင်ငံအတွင်း၌ လူမှုကွန်ရက်များမှတစ်ဆင့် ဆန္ဒ ထုတ်ဖော်မှုများ ပိုမိုကြီးထွားလာခဲ့သည်။ ဝန်ကြီးချုပ် ဂျွန်ဆင်သည် ၎င်း၏ ဘရီးဇစ်အရေး ပဏာမလုပ်ဆောင် ချက်များအပေါ် ဆန့်ကျင်မှုများရှိလာမည်ကို စိုးရိမ်သဖြင့် ပါလီမန်အစည်းအဝေးကို တစ်လတိတိ ဆိုင်းငံ့ခဲ့ခြင်းဖြစ် သည်ဟု ဆန္ဒထုတ်ဖော်သူများက စွပ်စွဲခဲ့ကြသည်။
ဥရောပသမဂ္ဂအဖွဲ့မှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရမည့် နောက်ဆုံးရက်သည် အောက်တိုဘာ ၃၁ ရက်ဖြစ်သည်။
ပါလီမန်အစည်းအဝေးကို တစ်လဆိုင်းငံ့ခြင်းကြောင့် ဥရောပသမဂ္ဂအဖွဲ့မှ စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ ဗြိတိန်နိုင်ငံ နုတ်ထွက်ရန် ထောက်ခံသည့် ဥပဒေပြုအမတ်များအတွက် ပါလီမန်သို့ အဆိုပြုချက်တင်သွင်းရန် လုံလောက်သည့် အချိန်ကျန်ရှိတော့မည်မဟုတ်ကြောင်း ဥပဒေပြုအမတ် တစ်ဦးက ဆိုသည်။
ဗြိတိန်အစိုးရအဖွဲ့ရုံးအပြင်ဘက်တွင် ဆန္ဒထုတ်ဖော် သူများက ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
ပါလီမန်အစည်းအဝေးကို တစ်လဆိုင်းငံ့သည့် အစီ အစဉ်ကို ပယ်ဖျက်ပေးရန် ဝန်ကြီးချုပ် ဂျွန်ဆင်အား တောင်းဆိုသည့် အသနားခံလွှာကို လက်မှတ်ရေးထိုးသည့် ပြည်သူပေါင်း ၁ ဒသမ ၇ သန်းနီးပါးရှိကြောင်း သိရ သည်။
ကိုးကား- အင်န်အိတ်ခ်ျကေ
ဘာသာပြန်-အောင်ကျော်ကျော်

No comments:

Post a Comment