Monday, September 2, 2019

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင်သေနတ်ပစ်ခတ်မှုဖြစ်ပွား
Image may contain: one or more people, people playing sports and outdoor
ဝါရှင်တန် စက်တင်ဘာ ၁
အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်တွင် သေနတ်သမားတစ်ဦးက အမေရိကန်စာပို့လုပ်ငန်းယာဉ်ကို အသုံးပြုပြီး ပစ်ခတ်မှုကြောင့် သေနတ် သမားအပါအဝင်လူငါးဦးသေဆုံးကာ လူအမြောက်အမြား ထိခိုက် ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
အဆိုပါ သေနတ်ပစ်ခတ်မှုကျူးလွန်သော လူဖြူအမျိုးသားမှာ အသက် ၃၀ ဝန်းကျင်ရှိပြီး ပစ်ခတ်မှု ကျူးလွန်ရခြင်း၏ အကြောင်းရင်းကို မသိရှိရသေး ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ယခု သေနတ်ပစ်ခတ်မှုသည် တက္ကဆက်ပြည်နယ် အနောက်ပိုင်းမြို့များ ဖြစ်သော မစ်လန်းနှင့် အော်ဒီဆာတစ်လျှောက်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါသေနတ်သမားသည် အဝေးပြေးလမ်းမ တစ်လျှောက်ရှိ ကင်းလှည့်ယာဉ်များအား ကားပြတင်းပေါက်မှ သေနတ်ဖြင့် အချက် ပေါင်းများစွာ ပစ်ခတ်ခဲ့သောကြောင့် လူလေးဦးသေဆုံးပြီး သေနတ် သမားမှာ အော်ဒီဆာရှိ ရုပ်ရှင်ရုံ အနီးတွင် ရဲများနှင့် အပြန်အလှန်ပစ်ခတ်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကိုးကား-အေအက်ပီ၊ ဘာသာပြန်-စိုးသူရ

No comments:

Post a Comment