Monday, September 2, 2019

အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး လက်တစ်ကမ်းသာလိုတော့သည်
Image may contain: 1 person, suit
ကဘူး စက်တင်ဘာ ၁
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ၁၈ နှစ်ကြာဖြစ်ပွားလျက်ရှိသည့် စစ်ပွဲ အဆုံးသတ်ရန် လက်တစ်ကမ်းအလို သာ ရှိပါတော့ကြောင်း အမေရိကန် ထိပ်တန်း ညှိနှိုင်းဆွေးနွေးသူတစ်ဦး က ယနေ့တွင် ပြောကြားခဲ့သည်။ 
အမေရိကန်နှင့် တာလီဘန် စေ့စပ်ညှိနှိုင်းသူများသည် ကာတာ နိုင်ငံ ဒိုဟာမြို့၌ တွေ့ဆုံကာ နှစ်ဖက်သဘော တူညီချက်တစ်ရပ် ထွက်ပေါ်လာရန် ကြိုးပမ်းခဲ့ကြသည်။
အစည်းအဝေးတွင် တာလီဘန် များက လုံခြုံရေးအာမခံချက်များ ပေးမည်ဖြစ်ကြောင်းနှင့် အာဖဂန် နစ္စတန် နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် ၁၃၀၀၀ ခန့် တပ်ဖြန့်ထားရှိမှုကို လျှော့ချပေးရန် အမေရိကန်အား တောင်းဆိုခဲ့သည်။
အာဖဂန်နိုင်ငံအတွင်း အကြမ်း ဖက်မှုများကို လျှော့ချပေးမည့် ရေရှည် တည်ငြိမ်အေးချမ်းမှုကို ဖော် ဆောင်နိုင်သော သဘောတူညီ မှုတစ်ရပ်ကို မကြာမီအချိန်တွင် ရရှိ တော့မည်ဖြစ်ပါကြောင်း အာဖဂန်နစ္စ တန်ဆိုင်ရာ အမေရိကန်အထူး သံတမန် ဇာမေခါလီဇက်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် တာလီဘန်အဖွဲ့ တို့၏ နောက်ဆုံးဆွေးနွေးပွဲသည် အပြုသဘောဆောင်သော ရလဒ်ထွက် ပေါ်မှုများ ရှိခဲ့ပါကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နောက်ဆုံး ဆွေးနွေးခဲ့သည့် ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲပြီးနောက် ဆွေးနွေးမှုများ ဆက်လက်လုပ် ဆောင်ရန် ကဘူးမြို့သို့ မကြာမီ သွားရောက်မည်ဖြစ်ကြောင်း ဇာမေခါလီဇက်က ဆိုသည်။ အဆိုပါခရီးစဉ် အတွင်း အာဖ ဂန်ငြိမ်းချမ်းရေးအတွက် အာဖဂန်အစိုးရအဖွဲ့ဝင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆွေးနွေး မည်ဖြစ် ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင်ဖြစ်ပွားခဲ့သည့် အယ်လ်ခိုင်ဒါ အကြမ်းဖက်မှုပြီးနောက် အမေရိကန် တပ်ဖွဲ့များကို အာဖဂန်နစ္စတန် နိုင်ငံသို့ ပထမဆုံးအကြိမ် စေလွှတ် ခဲ့သည်။
ဝါရှင်တန်အနေဖြင့် ကာလရှည် ကြာဖြစ်ပွားခဲ့သော စစ်ပွဲအဆုံးသတ် နိုင်ရေးအတွက်တာလီဘန် ခေါင်းဆောင်များနှင့် ၂၀၁၈ ခုနှစ် ကတည်းက ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။
ကိုးကား- အေအက်ဖ်ပီ ဘာသာပြန်-အောင်ကျော်ကျော်

No comments:

Post a Comment