Monday, September 2, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
Image may contain: 8 people, people standing
ရန်ကုန် စက်တင်ဘာ ၁
တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀) ပြည့်အထိမ်း အမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီလီမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့နှင့် စင်ကာပူနိုင်ငံတို့မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
ပြန်လည်ရောက်ရှိ
ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်လည်း အတူပြန်လည်ရောက်ရှိသည်။
သတင်းစဉ်

No comments:

Post a Comment