Monday, September 2, 2019

ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲ ကျင်းပ
Image may contain: 5 people, people sitting, people standing, table and indoor
နေပြည်တော် စက်တင်ဘာ ၁
ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက် မည့်အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ် ပွဲကို ယနေ့နံနက်၁၀ နာရီတွင် မုံရွာမြို့ ဝင်းယူနတီဟိုတယ်၌ ကျင်းပသည်။
အထောက်အကူပြုစေမည့် ကာလတိုသက်မွေးပညာသင်တန်းများဖွင့်နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက နှီးနှောဖလှယ်ပွဲကို ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်များ ချမှတ်နိုင်ရေး၊ ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လက်တွေ့ကျွမ်းကျင်မှု(Soft Skill ,Hard Skill) လိုအပ်ချက်များ ဖော်ထုတ် နိုင်ရေး၊ ဒေသမှ တောင်းဆိုမှုအများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင် ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့်သင်တန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေးတို့ကို ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ကဏ္ဍ (Technical and Vocational Education and Training– TVET) ကို တာဝန်ယူ၍ ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနသည် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် ပုံမှန် အင်ဂျင်နီ ယာသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိသကဲ့သို့ ချက်ချင်းအလုပ်အကိုင်ရရှိရေးအတွက် အထောက် အကူပြုစေမည့် ဒေသနှင့်ကိုက်ညီသော ကာလတိုသက်မွေးပညာသင်တန်းများကို ဖွင့်လှစ်သင် ကြားပေး လျက်ရှိပါကြောင်း။
ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်၍ လူငယ်များ ကျွမ်းကျင်မှုပြည့်၀စွာဖြင့် ချက်ချင်း အလုပ်အကိုင်ရရှိရေးအတွက် အခွင့်အလမ်းပေးနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံလိုအပ်ချက်၊ စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဖော်ထုတ်သိရှိနိုင်ရေးအတွက် စီးပွားရေးအချက်အချာဒေသဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပုသိမ်၊ လားရှိုးနှင့် မော်လမြိုင် စသည့် မြို့ကြီးများရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းအဖြေရှာခြင်းများ လုပ်ဆောင်နိုင်ရန် ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲကို ကျင်းပပြု လုပ်ခြင်းဖြစ်ပါကြောင်း၊ နှီးနှော ဖလှယ်ပွဲ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်း ဆွေးနွေးဆောင်ရွက်ပေးကြရန်နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက် လျက်ရှိသည့် ပညာရေးကဏ္ဍများနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူး ပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ စစ်ကိုင်း တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမျိုးမင်းကျော်သီဟနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြပြီး နှီးနှောဖလှယ်ပွဲကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၈ နာရီခွဲတွင် မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသော အမျိုးသားမူဝါဒကော်မရှင်၊ ပါမောက္ခချုပ် များ ကော်မတီအတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်၍ အဆင့်မြင့် ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအခြေခံကာ ရေတို၊ ရေရှည် စီမံကိန်း လုပ်ငန်းများ ပြုစုပြီး အသုံးချသုတေသန၊ သင်ကြားသင်ယူရေး နည်းလမ်းများ၊ လက်တွေ့အကျိုးပြု ဘွဲ့သင်တန်းများ၊ စီမံခန့်ခွဲ ရေးနှင့် အရည် အသွေး အာမခံမှုပြည့်၀ရေးတို့ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများနှင့် ပါမောက္ခချုပ်၊ ဆရာဆရာမများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
အတွေ့ အကြုံရှင်းလင်း
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကားပြောကြားပြီး ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးက ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ အတွေ့အကြုံ ရှင်းလင်းပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂကိုယ်စား လှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment