Monday, September 2, 2019

ကျောင်းပြင်ပ အလယ်တန်းပညာရေး ဆရာ ဆရာမများဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ
Image may contain: 7 people, people sitting and flower
ရန်ကုန် စက်တင်ဘာ ၁
၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ပထမ နှစ်ဝက်) ကျောင်းပြင်ပ အလယ်တန်း ပညာရေး ဆရာ ဆရာမများ ဗဟို အဆင့် နည်းပြသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁)အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးသန့်ဇင်ထွန်း က အမှာစကားပြောကြားပြီး မြန်မာ နိုင်ငံ စာတတ်မြောက်ရေး အထောက် အကူပြု ပင်မဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်ညိုက ကြိုဆိုနှုတ်ခွန်း ဆက်စကားနှင့် လုပ်ငန်းဆောင်ရွက် မှုများကို ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံ ကွန်ပျူတာဖက်ဒရေးရှင်း မှ ဒေါ်ခင်တိုးယဉ်က အလှူရှင်များ ကိုယ်စား ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံး၊ မြန်မာနိုင်ငံ ကွန်ပျူတာ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက် အကူပြု ပင်မဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ၅၂ ဦး တက်ရောက်ခဲ့ သည်။ သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၉ ရက်အထိ အသက်မွေး ဝမ်းကျောင်းပညာရပ်အဖြစ် သတင်း အချက်အလက်နည်းပညာ (ICT) ဘာသာရပ်ကို မြန်မာနိုင်ငံကွန်ပျူတာ ဖက်ဒရေးရှင်း၏ အကူအညီဖြင့် ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park ကနောင်ခန်းမ၌ သင်ကြားပေးမည် ဖြစ်ပြီး ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း ပညာရေးအတွက် နှစ်စဉ်ပုံမှန် အလှူရှင် ဦးစိန်ဝမ်း၊ ဒေါ်မဉူထွန်း မိသားစုက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းသည်။
ကျောင်းပြင်ပ အလယ်တန်းပညာ ရေး အစီအစဉ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ဒလ၊ မြစ်ကြီးနား၊ လွိုင်ကော်၊ စစ်တွေ၊ လှိုင်သာယာ၊ ကျိုက်ထို၊ မြ၀တီ(မဲဆောက်)၊ ဟင်္သာ တမြို့နယ် ရှစ်မြို့နယ်တို့တွင် အခြေစိုက်စခန်း ၁၄ ခု ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၂၀၀ တက်ရောက်ခဲ့၍ ၁၉၆ ဦး အောင်မြင်သည့်အပြင် ၎င်း တို့အနက် ၁၀၈ ဦး (၆၁ ရာခိုင်နှုန်း) သည် အခြေခံ ပညာ အထက်တန်း အဆင့်သို့ ဆက်လက်တက်ရောက်ကာ ကလေး ၁၃ ဦး (ခုနစ်ရာခိုင်နှုန်း)မှာ အသက် မွေးဝမ်းကျောင်း အထက်တန်းကျောင်းများသို့ တက် ရောက်ကြသည်။
ဖွင့်လှစ်သင်ကြားမည်
ယခု ၂၀၁၉-၂၀၂၀ မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိ ဒုတိယ အကြိမ် ကျောင်းပြင်ပ အလယ်တန်း ပညာရေး အစီအစဉ်ကို စက်တင်ဘာ ၁၃ ရက်မှစတင်၍ ဒလ၊ ဝိုင်းမော်၊ လွိုင်ကော်၊ စစ်တွေ၊ လှိုင်သာယာ၊ ဘီးလင်း၊ မြ၀တီ(မဲဆောက်)၊ ဟင်္သာတမြို့နယ်များရှိ အခြေစိုက် စခန်း ၁၃ ခုတွင် ဖွင့်လှစ်သင်ကြား မည်ဖြစ်သည်။
ယခု ဒုတိယအကြိမ် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ် တွင် နောက်ခံပညာရေး အရည် အချင်းအရ စတုတ္ထတန်းနှင့် ကျောင်း ပြင်ပ မူလတန်းပညာရေး အစီအစဉ် တွင် အောင်မြင်ခဲ့လျှင် Level-1 ၌ စတင်လက်ခံ သင်ကြားပြီး သုံးနှစ်ပြီး ဆုံးလျှင် ပဉမတန်းအောင်မြင်ပြီး ကျောင်းထွက်သူများအား Level-2 ၌ စတင်လက်ခံသင်ကြားကာ တစ်နှစ် ပြီးဆုံးအောင်မြင်လျှင် အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာတတ် မြောက်ရေးအထောက်အကူပြု ပင်မဌာနမှ သိရသည်။
ကြေးမုံ

No comments:

Post a Comment