Thursday, September 5, 2019

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စု ဝန်ကြီးဌာန/ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Image may contain: 7 people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၄
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာန/ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ကော်မတီ ရေးရာအဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စီစဉ်ဆောင်ရွက်သွားမည်
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက မေးခွန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မေးခွန်းရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့သည့် မေးခွန်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ ကော်မတီအဖွဲ့ဝင်များက လေ့လာစိစစ်တွေ့ရှိချက်များကို တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ကာ သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များကပြန်လည် ရှင်းလင်းတင်ပြမှုများ ဆောင်ရွက်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ဖြေရှင်းဆောင်ရွက်ပေးသည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးသည် အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဇွန် ၂၅ ရက်မှ ဇူလိုင် ၈ ရက်အထိ မကွေးတိုင်းဒေသကြီးအတွင်းသို့ ကွင်းဆင်းစိစစ်ခဲ့သည့် လုပ်ငန်းများအနက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဉီးမြမင်းဆွေ မေးမြန်းခဲ့သည့် “မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အပါအဝင် အချို့မြို့များတွင် တောင်သူလယ်သမားများ၏ ရိုးသားမှုကိုအခွင့်ကောင်းယူ၍ သက်တမ်းလွန် လယ်ယာသုံး စက်ပစ္စည်းများကို လိမ်လည်ရောင်းချခဲ့သော လင်းရောင်ခြည် လယ်ယာသုံးစက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအား အရေးယူရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment