Monday, September 2, 2019

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး တေးသီချင်း စုပေါင်း ဖန်တီးခဲ့ကြသော ကယားပြည်နယ်မှ လူငယ်အနုပညာရှင်များအား ဂုဏ်ပြုပွဲကျင်းပ
Image may contain: 4 people, people smiling, people standing
လွိုင်ကော် စက်တင်ဘာ ၁
ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြန်မာပြည်ငြိမ်းချမ်း ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် မငြိမ်းချမ်း လို့မဖြစ်ဘူး တေးသီချင်း MTV & ORCHESTRA CONCERT ဖြစ်မြောက်ရေးအတွက် စုပေါင်းဖန်တီးခဲ့ ကြသော ကယားပြည်နယ်မှ လူငယ်အနုပညာရှင်များအား ဂုဏ်ပြုပွဲကို စက်တင်ဘာ ၁ ရက်က ပြည်နယ်ခန်းမ၌ ကျင်းပ သည်။
အမှာစကားပြောကြား
ရှေးဦးစွာ ၂၀၁၈ ခုနှစ် မေ ၁၅ ရက်က ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)တို့၏ ပူးပေါင်းထုတ်ပြန်ကြေညာချက် အပေါ် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူ များက အားပေးထောက်ခံကြိုဆိုသည့် ဗီဒီယိုမှတ်တမ်း ပြသပြီး ခရစ်ယာန်ဘာသာ( အင်္ဂလီကန်အသင်းတော်)မှ ဆရာတော် စတိုင်လိုက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ထို့နောက် ဘာသာပေါင်းစုံ၏ဘာသာရေးအကြီးအကဲ များက ဆုတောင်းမေတ္တာပို့သကြပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက "မငြိမ်းချမ်းလို့ မဖြစ်ဘူး" တေးသီချင်း ဖန်တီးသူ ဒါရိုက်တာ၊ အဆိုတော် နှင့် တီးဝိုင်းခေါင်းဆောင်တို့အား တစ်ဦးချင်းဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်သည်။
ဆက်လက်၍ တေးသီချင်းရေးစပ်သူ သစ်လွင်အောင်က တေးသီချင်းဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြခြင်း၊ "မငြိမ်းချမ်း လို့မဖြစ်ဘူး"တေးသီချင်း MTV အား တင်ဆက်ပြသခြင်း၊ ဒါရိုက်တာ ကိုမင်းသိုက်က ရိုက်ကူးမှုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခြင်း၊ အဆိုပါ တေးသီချင်း ORCHESTR ဖြင့်ရိုက်ကူးထားသည့် ဗီဒီယိုအား တင်ဆက်ပြသခြင်း၊ ယင်းတေးသီချင်း ORCHESTRA ဖြင့် ရိုက်ကူး ဖန်တီးသူ ဒါရိုက်တာ နောင်နောင် (Sun Flower)က ရှင်းလင်းတင်ပြခြင်း၊ ထိုတေးသီချင်းအား တေးရေး ဆရာက NRဏဃ တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
သီဆိုဖျော်ဖြေ
ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးနိုင်ငံလင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအင်တုန်း ခါးနော်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုတို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြပြီး တေးသံရှင် စောဖိုးခွားက ငြိမ်းချမ်းရေးတေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ကယားဖူးနှစ်ခြင်းအသင်းတော် ဆရာတော်က အပိတ်ဆုတောင်းမေတ္တာပို့သခြင်းနှင့် "မငြိမ်းချမ်းလို့မဖြစ်ဘူး"တေးသီချင်းကို အဖွဲ့လိုက်သီဆို ဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဘာသာပေါင်းစုံမှဆရာတော် ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ တာဝန် ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မငြိမ်းချမ်းလို့မဖြစ်ဘူး တေးသီချင်းဖြစ်မြောက်ရေးအတွက် စုပေါင်းပုံဖော်ဖန်တီးခဲ့ကြသော အနုပညာရှင်၊ အတတ် ပညာရှင်များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက် ရောက်ကြသည်။

လွိုင်ကော်သား

No comments:

Post a Comment