Monday, September 2, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကူညီ ထောက်ပံ့အားပေး
Image may contain: 6 people, people standing and indoor
နေပြည်တော် စက်တင်ဘာ ၁
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်တို့သည် ယနေ့တွင် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများနှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေနစ်မြုပ်သွားသောစိုက်ပျိုးသီးနှံများအတွက် အထောက် အပံ့များ ပေးအပ်ကြသည်။
ထောက်ပံ့ပေးအပ်
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်ခရိုင် တနင်္သာရီမြို့ မြို့နယ်ခန်းမရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေး သင့်ပြည်သူများအား အားပေးစကားပြောကြားပြီး သက်တမ်းတို မျိုးစပါး အတွက် ထောက်ပံ့ငွေကျပ်ကျပ် ၆၀ ဒသမ ၆၉ သန်း၊ ဖိုက်ဘာစက်လှေ ငါးစင်းအတွက် ငွေကျပ် ၉၇ ‘ဒသမ ၅ သိန်း၊ ရေဘေးသင့်ပြည်သူ ၄၃၈ ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေကျပ်ကျပ် ၉၁၉ယ၈၀၀၊ အသက်ဆုံး ရှုံးသွားသော တပ်မတော်သားတစ်ဦးအတွက် အမျိုးသားသဘာ၀ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ငွေကျပ်ကျပ် နှစ်သိန်း၊ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများနှင့် ကလေး ငယ်များအတွက် အာဟာရမုန့်များ၊ ကစားစရာအရုပ်များ ထောက်ပံ့ပေးအပ် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီး ဘုန်းကြီးကျောင်း နှင့် ချောင်းကြီး ဘုန်းကြီးကျောင်းတို့၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင် စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး စကားပြောကြားပြီး စားနပ်ရိက္ခာများ ထောက်ပံ့ခြင်းနှင့် ကလေးငယ်များအား အာဟာရမုန့်များ၊ ကစားစရာ အရုပ်များပေးဝေသည်။ ထို့နောက် ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်၍ အလှူငွေနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ရေဘေးသင့်ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် တနင်္သာရီမြို့နယ်၌ ရေကြီးမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ အသက်ဆုံးရှုံးမှု မရှိစေရေးနှင့် ဘေးအ္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊ ကလေးငယ်များ၊ ကျောင်းသား ကျောင်းသူများကိုလည်း ရေဘေးဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရန်အချက်များကို အသိပညာပေးထားရန် လိုအပ် ကြောင်း၊ ယာယီနေထိုင်စဉ်ကာလအတွင်း စားနပ်ရိက္ခာများအတွက် ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရန်ရှိသည်များကို ပြည်သူများထံမှ အကြံ ဉာဏ်များရယူလိုကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီမြို့ မီးသတ် ဦးစီးဌာနတွင် ဖွင့်လှစ်ထားသော ကွပ်ကဲရေးစခန်းသို့ ရောက်ရှိပြီး ဆန်ရိက္ခာများ၊ လှူဒါန်းပစ္စည်းများ စနစ်တကျထောက်ပံ့နိုင်ရေး ပေါင်းစပ်ညှိ နှိုင်းခဲ့သည်။
တနင်္သာရီမြစ် ရေကြီးရေလျှံမှုကြောင့် ပြည်သူများ နှစ်စဉ် ရေဘေးဒဏ် ခံနေရသောကြောင့် ၂၀၁၄ ခုနှစ်တွင် မြစ်ရေကြီးမှုမှ ကာကွယ်ရန် တာဖို့ခြင်း၊ ရေတံခါး နှစ်ခု တည်ဆောက်ခြင်း၊ ရေစုပ်စက်ကြီး နှစ်လုံးဖြင့် ရေစုပ်ထုတ်ခြင်း များကို ဆောင်ရွက်ထားရှိပြီးဖြစ်သော်လည်း ယခုအခါ ရေတံခါးမှ ရေမထုတ် နိုင်ခြင်း၊ မြို့အတွင်းစီးဝင်နေသော မိုးရေများနှင့်ရေတံခါးမလုံတော့သည့် အတွက် ကာလကြာ ရေကြီးမှုဒဏ်ကို ခံစားနေရကြောင်း၊ ထိုမြစ်ရေကြီးရေလျှံ မှုနှင့် မြို့တွင်း ရေကြီးမှုဒဏ်ကို လျှော့ချနိုင်ရေးအတွက် ရေတံခါးများ ပြန်လည်ပြုပြင်ခြင်း၊ မြို့ပတ်တာနှင့် ရေနုတ်မြောင်းများပြုပြင်ခြင်းနှင့် တနင်္သာရီမြစ်ကြောင်း တိုင်းတာစစ် ဆေးခြင်းလုပ်ငန်းများအတွက် အစီအမံများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ အမျိုးသား သဘာ ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လတ်တလော ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စိုက်ပျိုးလယ်မြေများ ရေလွှမ်း ပျက်စီးခဲ့ခြင်းကြောင့် အချိန်မီ စပါးများ ပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ်လျက်ရှိရာ ပြန်လည် စိုက်ပျိုး နိုင်မည့် လယ်ဧက ၆၀၆၉ ဧကရှိရာ တာဝန်ရှိဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရ၏ အတည်ပြုချက်အရ အရေးပေါ်လိုအပ်သော သက်တမ်းတိုမျိုးစပါးများဝယ်ယူ အသုံးပြုနိုင်ရန် ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ်ညှိ နှိုင်းမှုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment