Monday, September 2, 2019

သွင်းကုန်ပစ္စည်းများအပေါ် အပြိုင်အဆိုင် အခွန်တိုးမြှင့်ကောက်ခံ
Image may contain: 2 people, stripes and suit
ဝါရှင်တန် စက်တင်ဘာ ၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရအဖွဲ့က ဒေါ်လာ ၁၁၀ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်း ကုန်ပစ္စည်း များအပေါ် ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်တိုးမြှင့်ကောက်ခံမှုကို စတင်အကောင် အထည်ဖော် ဆောင်ခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။
တရုတ်သွင်းကုန်ပစ္စည်းများဖြစ်သည့် LCD တီဗွီ များ၊ လက်ပတ်နာရီများနှင့် ပရိဘောဂပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၃၂၀၀ ကျော်ခန့်ကို အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။ ယခုအချိန်တွင် အမေရိကန်သည် တရုတ်သွင်းကုန်ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို အခွန်တိုးမြှင့်ကောက်ခံလျက်ရှိသည်။
အမေရိကန်၏ သွင်းကုန်ပစ္စည်းများဖြစ်သည့် ပဲပုပ်ပဲ နှင့် ရေနံစိမ်းအပါအဝင် အမျိုးအမည်ပေါင်း ၁၇၀၀ ကျော် ကို ပေကျင်းက လက်တုံ့ပြန်သည့်အနေဖြင့် ၁၀ ရာခိုင်နှုန်း ခန့် အခွန်တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း သိရသည်။
နှစ်နိုင်ငံသွင်းကုန်ပစ္စည်းများအပေါ် အပြန်အလှန် အခွန်တိုးမြှင့်ခြင်းကြောင့် နှစ်နိုင်ငံအကြား ဖြစ်ပွားလျက် ရှိသည့် ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြင့်တက်စေခဲ့သည်။
သမ္မတထရန့် အစိုးရအဖွဲ့က တရုတ်သွင်းကုန်ပစ္စည်း များအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေး ကဏ္ဍဆွေးနွေးမှုများနှင့်ပတ်သက်ပြီး တရုတ်အစိုးရ၏ လိုက်လျောပေးမှုကို ရရှိရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော် တရုတ်အစိုးရက လိုက်လျောပေးမှုမရှိဘဲ အပြန်အလှန်အနေဖြင့် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံလျက်ရှိသည်။
ကိုးကား-အင်န်အိတ်ခ်ျကေ
ဘာသာပြန်- အောင်ကျော်ကျော်

No comments:

Post a Comment