Monday, September 2, 2019

ထာ၀ရငြိမ်းချမ်းရေးစေတီတော်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲကျင်းပ
Image may contain: 5 people, people standing and indoor
မန္တလေး စက်တင်ဘာ ၁
ထာ၀ရငြိမ်းချမ်းရေးစေတီတော်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ၆၂ လမ်းရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင် ကိုနှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်
အလှူငွေများပေးအပ်လှူဒါန်း
ရှေးဦးစွာ ဆရာတော် ဘဒ္ဒန္တဥတ္တမ(သဒ္ဓမ္မဇောတိက ဓဇ) မနောသုခကာရီကျောင်းဆရာတော်က ဩဝါဒကထာ ချီးမြှင့်၍ ပြည်ထောင်စုဝန်ကြီးထံ အလှူငွေကျပ်သိန်း ၂၀ လှူဒါန်းသည်။ ထို့နောက်အလှူရှင် ဦးမြင့်အောင်- ဒေါ်မြင့်မြင့်ရီ (အောင်မြင့်မိုရ်ဟိုတယ်)မိသားစုက အလှူငွေကျပ် ကျပ် သိန်း ၃၀၀၊ ဦးမင်းနိုင်စိုး (ခ)ဦးညွန့် မင်းထွန်း-ဒေါ်ဝိုင်းဝါ (ဂုဏ်ရှိန်မြန်မာကုမ္ပဏီ)မိသားစုနှင့် ဦးကျော်နိုင်- ဒေါ်သန်းသန်းနွယ်၊ သမီး မအိမ့်ချစ် မိသားစုတို့က အလှူငွေကျပ်ကျပ် သိန်း ၂၅၀ စီ၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်မြသိန်း (မြ၀တီအထည်ရောင်း ဝယ်ရေး လုပ်ငန်း)မိသားစုက အလှူ ငွေကျပ်ကျပ် သိန်း ၁၅၀၊ ဦးစန်းမောင်-ဒေါ်ခင်စန်း (ရှမ်းရွှေ တောင် ရှူးရှဲလက်ဖက်နှင့် နှစ်ပြန်ကြော်လုပ်ငန်း)မိသားစု၊ ဦးရန်အောင်-သီဟသုဓမ္မသိင်္ဂီ ဒေါ်ရင်ရွှင် (New Star Gems &Jewellery)မိသားစု၊ ဒေါ်ခင်အုန်းမြင့် (သမာဓိ အာမခံရွှေဆိုင်၊ အောင်စိုးမိုး လျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးနှင့် အောင်စိုးမိုးအထည်ဆိုင်)မိသားစု၊ ဦးဝင်းဖေမြင့်- ဒေါ်မြမြသန်း(မြတံခွန်နှင့် အောင်သန်းဆု ပင်ရင်းထီ ရောင်းဝယ်ရေး) မိသားစု၊ သားငယ်လေး မောင်ထက်အောင်ရှိုင်းအားရည်စူး၍ ဦးမိုးကျော်(ခ) ဦးကျော်ထင်- ဒေါ်ခင်အုန်း (ထုံးဘုရင်ကျော်ထင် အသင့် ကွမ်းစားထုံးလုပ်ငန်း)မိသားစု၊ ဦးကျော်သန်းဇော် - ဒေါ်အေးအေးမြင့် မိသားစု၊ ဦးဝင်းအောင်-ဒေါ်မြင့်မြင့်ခင် (မြင့်မြင့်ခင် ထိုးမုန့်၊ လမုန့်သီးစုံလုပ်ငန်း) မိသားစုတို့က အလှူ ငွေကျပ်ကျပ် သိန်း ၁၀၀ စီနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စု ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင် အုပ်ချုပ် ရေးမှူး တို့က လက်ခံရယူ၍ အလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော တတိယအကြိမ် မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား၌ အလှူရှင် ၄၃ ဦးတို့က စုစုပေါင်းလှူဒါန်းငွေကျပ်ကျပ် ၂၅၅၃၁၀၀၀၀ ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment