Thursday, September 5, 2019

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအရေး ပူတင်နှင့် မိုဒီ ဆွေးနွေး
Image may contain: 2 people, people standing and suit
=
ဗလာဒီဗော့စတော့ခ် စက်တင်ဘာ ၄
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ရုရှား နိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် ယနေ့ တွေ့ ဆုံခဲ့ကြသည်။
ရုရှားအစိုးရသည် အနောက်နိုင်ငံများနှင့် တင်းမာမှု များရှိနေစဉ် အာရှနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရေး အတွက် စီးပွားရေးဖိုရမ်ကို ၂၀၁၅ ခုနှစ်ကတည်းက နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ဗလာဒီ ဗော့စတော့ခ်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ မွန်ဂိုလီးယားသမ္မတ ခါလ်တမာဘတ်တူလ်ဂါနှင့် မလေးရှားဝန်ကြီးချုပ် မဟာ သီယာမိုဟာမက်တို့လည်း အဆိုပါဖိုရမ်သို့ တက်ရောက် ကြမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - ဂျေတီ

No comments:

Post a Comment