Thursday, September 5, 2019

ဟောင်ကောင်ပြည်သူများဆန့်ကျင်သည့် ဥပဒေကြမ်းကို အုပ်ချုပ်ရေးအကြီးအကဲ ပယ်ဖျက်
Image may contain: 1 person, eyeglasses
ဟောင်ကောင် စက်တင်ဘာ ၄
ဟောင်ကောင် အဓိကရုဏ်းဖြစ်စဉ်များကို စတင်ဖြစ်ပေါ်စေသည့် ဥပဒေကြမ်း တစ်ရပ်ကို အပြီးတိုင်ပယ်ဖျက်ရန် ဟောင်ကောင်အုပ်ချုပ်ရေးအကြီးအကဲက တရားဝင်ကြေညာခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
စက်တင်ဘာ ၄ ရက်တွင် ဟောင်ကောင်အုပ်ချုပ်ရေးအကြီးအကဲ ကာရီလမ်က အဆိုပါဥပဒေကြမ်းကို ပယ်ဖျက်ရန် ရုပ်သံလိုင်းတစ်ခု၏ မိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ဟောင်ကောင်ရာဇဝတ်မှုကျူးလွန်သူများအား တရုတ်နိုင်ငံသို့ စေလွှတ် ကာ တရားစီရင်မည့် အဆိုပါဥပ ဒေကြမ်းကို ဟောင်ကောင်ပြည်သူများက ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်မှာ နှစ်လကျော်ကြာ မြင့်ခဲ့ပြီဖြစ် သည်။ ဆန္ဒထုတ်ဖော်မှုများ စတင်ခဲ့သည့်အချိန်မှစပြီး အုပ်ချုပ်ရေးအကြီးအကဲ ကာရီလမ်က ယင်းဥပဒေကြမ်းကို အတည်ပြုဆုံးဖြတ်ချက်ချမှတ်ရန် ယာယီ ဆိုင်းငံ့ခဲ့သည်။ ဟောင်ကောင်အစိုးရက အဆိုပါဥပဒေကြမ်းကို အတည်ပြု ရန် ဆက်လက်ဆွေးနွေးခြင်းမပြုတော့ကြောင်း ကြေညာခဲ့သော်လည်း ဆန္ဒထုတ် ဖော်မှုများက ပိုမိုကြီးထွားလာခဲ့သည်။
ထို့ပြင် ယင်းဥပဒေကြမ်းအား အတည်ပြုရန် တင်သွင်းခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်သူများနှင့် လုံခြုံရေးအရာရှိများ အကြား ထိပ်တိုက်ရင်ဆိုင်တွေ့ မှုများ ဖြစ်ပေါ်လာခဲ့သည့်အပြင် အုပ်ချုပ်ရေးအကြီးအကဲ ကာရီလမ်သည်လည်း ဖိအားများနှင့်ရင်ဆိုင်နေရသည်။
အဆိုပါ ဥပဒေကြမ်းကို ပယ်ဖျက်လိုက်ခြင်းသည် ဆန္ဒထုတ်ဖော်သူများ တောင်းဆိုသည့် အဓိကအချက်ငါးချက် အနက် တစ်ချက်ဖြစ်သည်။ အဓိကရုဏ်း ဖြစ်ပွားမှုတွင် လုံခြုံရေးအရာရှိများက ဆန္ဒထုတ်ဖော်သူများအား မည်သို့ ကိုင်တွယ်ဖြေရှင်းသလဲဆိုသည်နှင့်ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေး မှုတစ်ရပ် လုပ်ဆောင်ပေးရန်ကိုလည်း တောင်းဆိုခဲ့သည်။ ထို့ပြင် အုပ်ချုပ်ရေး အကြီးအကဲ ကာရီလမ်အား ရာထူးမှ နုတ်ထွက်ပေးရန်နှင့် တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။
ဟောင်ကောင်တွင် လွတ်လပ်မှုရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှသာ ယခုဖြစ်ပွားလျက်ရှိသည့် ဆန္ဒထုတ်ဖော်မှု ကို ရပ်တန့်နိုင်မည်ဖြစ်သည်ဟု ဒီမို ကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
ကိုးကား- အင်န်အိတ်ခ်ျကေ၊ ဘာသာပြန်-အောင်ကျော်ကျော်

No comments:

Post a Comment