Monday, September 23, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ




Image may contain: 11 people, people smiling, people standing, suit and indoor
ရန်ကုန် စက်တင်ဘာ ၂၂



 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်း မြို့၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် လေကြောင်းခရီးဖြင့် နန်နင်းမြို့ မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ ကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား တရုတ် ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီ အမြဲတမ်း ကော်မတီဝင်နှင့် နိုင်ငံရေးနှင့် ဥပဒေ ရေးရာကော်မတီ အတွင်းရေးမှူး H.E. Mr. Huang Shiyong၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင် နှင့် တာဝန်ရှိသူများက နန်နင်း အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။ သတင်းစဉ်

No comments:

Post a Comment