Monday, September 23, 2019

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကာဇက်စတန်သမ္မတနိုင်ငံသို့ ထွက်ခွာ



Image may contain: 6 people, people standing, suit and indoor
ရန်ကုန် စက်တင်ဘာ ၂၂




အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းသည် ကာဇက်စတန်သမ္မတနိုင်ငံ Nur-Sultan မြို့၌ စက်တင်ဘာ ၂၃ ရက် မှ ၂၄ ရက်အထိ ကျင်းပ ပြုလုပ်မည့် 4th Meeting of Speakers of the Eurasian Countries’ Parliaments သို့ တက်ရောက်ရန် ရန်ကုန်မြို့ မှ ယနေ့နံနက် ၅ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်း နိုင်မြင့်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အတူ အမျိုးသားလွှတ်တော်မှ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ပြည်သှူလွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီ အဖွဲ့ဝင် ဦးစိန်ဗိုလ်နှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။ သတင်းစဉ်

No comments:

Post a Comment