Sunday, September 22, 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးချုပ် သတင်းစာရှင်းလင်းပွဲပြုလုပ်




နေပြည်တော် စက်တင်ဘာ ၂၁




နိုင်ငံ့ဝန်ထမ်းများကို ဖိနှိပ်မှုရှိပြီး ကိုယ်စားလှယ်တချို့ကို ခံဝန်ထိုးခိုင်းသည် ဆိုသည့် မေးမြန်းချက်နှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ ဖိတ်ခေါ်ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် ပြုလုပ်သည်။
ရှင်းလင်းပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ စစ်ဆေး ရေးမှူးချုပ် ဦးသန့်ဇော်က ၂၀၁၈ ခုနှစ် အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားစာ ၁၀၅၄၃စောင် ရောက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အပေါ် တိုင်ကြားစာ ၇၅ ရာခိုင်နှုန်းပါဝင်ပြီး ပြည်သူ့ဝန်ထမ်း များအပေါ် တိုင်ကြားစာ ၁၈ ရာခိုင်နှုန်းသာရှိပါကြောင်း၊ အဆိုပါ ပြည်သှူဝန်ထမ်းများတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှစပြီး နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ရှိသူများ အဆင့် ထိ ပါဝင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အပေါ် တိုင်ကြားမှု များပြားခြင်းကြောင့် ကော်မရှင်က အရေးယူဆောင်ရွက်မှုမှာ နိုင်ငံ့ဝန်ထမ်းများအပေါ် ပိုမိုသက်ရောက် မှုရှိနေခြင်းဖြစ်ကြောင်းကို နားလည် စေလိုပါကြောင်း ပြောကြားသည်။
အများဆန္ဒ
ဆက်လက်၍ ၎င်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်ကြားစာများကို ကော်မရှင်အဖွဲ့ဝင် ခြောက်ဦးပါဝင်သော အဖွဲ့ဖြင့် ကနဦးစိစစ်ပြီး တွေ့ရှိချက်အပေါ် အရေးကြီးသည့် သက်သေခံချက်များ ပါရှိသော တိုင်ကြားမှုများကို အများဆန္ဒ သဘောတူညီချက်ဖြင့်သာ စုံစမ်းစစ်ဆေး ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စုံစမ်း စစ်ဆေးရေးအဖွဲ့သည် ငွေစာရင်းများသိမ်းဆည်းခြင်းနှင့် တိုင်ကြားခံရသူနှင့် တိုင်ကြားခံရသူဘက်မှ သက်သေခံချက် များရယူခြင်း စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်အစီရင်ခံစာကို ကော်မရှင် ဥက္ကဋ္ဌထံသို့ ဆောလျင်စွာ တင်ပြရ ပါကြောင်း။
ဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန် ကြောင်း ခိုင်လုံသော အထောက်အထား များ ပေါ်ပေါက်ခြင်းမရှိပါက ကော်မရှင် က စွပ်စွဲတိုင်တန်းချက်ကို ပယ်ချပြီး ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်ပါက တိုင်ကြားခံရသူကို တရားစွဲဆိုရန် ကြိုတင်ခွင့်ပြုမိန့်ထုတ် ပေးပြီး နည်းဥပဒေ(၁၆၅)(ခ)နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးထံမှ ဖမ်းဆီးချုပ်နှောင်ခွင့်ပြု မိန့် တောင်းခံခြင်း၊ သက်ဆိုင်ရာရဲစခန်း တွင် ပထမသတင်းပေး တိုင်တန်းချက် ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးခံရသူအား တရား ရုံးတွင် ချုပ်ရီမန်တောင်းခံခြင်းများကို စစ်ဆေးရေးမှူးချုပ်က ကြီးကြပ်၍ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
အောင်မြင်မှုများရရှိ
တရားလိုပြ သက်သေများသည် ကော်မရှင်က ဖွဲ့စည်းပေးသည့် စုံစမ်း စစ်ဆေးရေးအဖွဲ့ထံ အစစ်ဆေးခံစဉ်က ခိုင်လုံစွာ ထွက်ဆိုခဲ့သည့်အတိုင်း တရား ရုံးတွင် အမှန်အတိုင်းအစစ်ခံချက် ပေးသည့်အခါ အမှုခိုင်မာမှုအားကောင်း ပြီး အောင်မြင်မှုများ ရရှိပါကြောင်း။
အချို့သောအမှုများ၌ စုံစမ်းစစ်ဆေး ရေးအဖွဲ့ ရှေ့မှောက်တွင် စစ်ဆေးစဉ်က အမှန်အတိုင်း ထွက်ဆိုစစ်ဆေးခံခဲ့ သော်လည်း တရားရုံးရှေ့မှောက် အစစ်ခံ သည့်အခါ အကြောင်းအမျိုးမျိုးကြောင့် ဆန့်ကျင်ကွဲလွဲ၍ အစစ်ခံချက်ပေးသည် များရှိတတ်ပါ ကြောင်း၊ သက်သေအချို့မှာ တရားရုံးသို့ သွားရောက်အစစ် ခံချက် ပေးလိုမှုမရှိခြင်း၊ အချိန်ကြာလာသည်နှင့် အမျှ မေ့လျော့တတ်ခြင်း၊ လူမှုရေးအရ စွပ်စွဲခံရသူအပေါ် သနားငဲ့ညှာလိုခြင်း၊ အားနာတတ်ခြင်း၊ မလျော်ဩဇာအသုံးပြု ခံရခြင်း၊ ဖြစ်ရပ်မှန်ကို အပြည့်အစုံ ထွက်ဆိုရန် ဝန်လေးတတ်ခြင်းတို့ကြောင့် အမှုခိုင်မာမှုကို ထိခိုက်ပြီး စွပ်စွဲခံရသူ ဘက်သို့ အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားတတ်ပါကြောင်းနှင့် တရားရုံးများ အနေဖြင့်လည်း ရုံးရှေ့ထွက်ချက်ကိုသာ အခြေခံ၍ စီရင်ဆုံးဖြတ်ကြရကြောင်း ရှင်းလင်းပြောကြားသည်။
ရှင်းလင်းဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များ မေးမြန်းထားသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment