နေပြည်တော် စက်တင်ဘာ ၂၅
(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲ
ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့
ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဦးကျော်တင့်ဆွေသည် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ် ကြီး
ဦးဟောက်ဒိုဆွမ်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး
ဦးအောင်လင်းတို့နှင့်အတူ တက်ရောက်ခဲ့သည်။
အခမ်းအနားသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲနှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres နှင့် အထွေထွေညီလာခံ သဘာပတိ Mr. Tijjani Muhammad-Bande တို့ တက်ရောက် ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ညီလာခံသဘာပတိတို့က အဖွင့်မိန့်ခွန်း ပြောကြားကြပြီး အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အမေရိကန်သမ္မတ မစ္စတာ ဒေါ်နယ်ထရန့်အပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံမှ နိုင်ငံအကြီးအကဲများက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြသည်။
အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ အစီအစဉ်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၂၈ ရက်တွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြား သွားရန်ရှိကြောင်း သိရသည်။ သတင်းစဉ်

No comments:
Post a Comment