နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည်
မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံအမတ်ကြီး မစ္စတာ စတက်ဖန်
ဟားရ်စထရွမ်းနှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ အသက် (၁၈)နှစ်ပြည့်ပြီး ပထမအကြိမ် မဲပေးမည့် လူငယ်များ ရွေးကောက်ပွဲများတွင် ပါဝင် လာစေရေး ဆောင်ရွက်နေမှု၊ ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ၊ တိုက်ပွဲရှောင် မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေး ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထု အသိပညာပေးလုပ်ငန်းနှင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံပြင်ပ ရောက်ရှိ နေသော ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်ရရှိရေးနှင့် ကြိုတင်မဲပေးခြင်း ဆိုင်ရာ ဆောင်ရွက်မည့် အခြေအနေ၊ ရွေးကောက်ပွဲဖြစ်စဉ်များတွင် အမျိုးသမီး များပါဝင်မှု မြှင့်တင်ရေးကိစ္စရပ်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် International Institute for De-mocracy and Electoral Assista-nce (International IDEA) ၏ Executive Director (Head Quarter, Stockholm) Ms. Fiona Rowley နှင့်အဖွဲ့အား မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရေးဆိုသည့် စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ International IDEA ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် STEP De-mocracy အစီအစဉ်အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှု၊ သတင်းမီဒီယာ သမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များ ထုတ်ပြန်နိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှု၊ Social Media အသုံးပြု၍ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ လူထု အသိပညာပေးလုပ်ငန်းနှင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ၊ ပြည်တွင်း နှင့် ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖိတ်ကြားသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment