နေပြည်တော် စက်တင်ဘာ ၂၅
(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက် ရန် နယူးယောက်မြို့၌
ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင့်ဆွေသည် အမေရိကန်ပြည်ထောင်စု Under Secretary of States for
Political Affairs Mr. David Hale နှင့် စက်တင်ဘာ ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် များနှင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအပါအဝင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း စက်တင်ဘာ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌMr. Peter Maurer နှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပေါ် နေသည့်ဒေသများတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC) မှ အရေးပေါ်အကူအညီနှင့် လူသားချင်း စာနာမှုအကူအညီများအပါအဝင် ပဋိပက္ခကြောင့် ထိခိုက်ခံစားရ သူများအား အခြေခံဝန်ဆောင်မှုအကူအညီများ ပိုမိုပေးအပ်နိုင် မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

No comments:
Post a Comment