Wednesday, September 25, 2019

ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၌ စစ်ဆေး





Image may contain: 1 person, crowd and indoor
ရန်ကုန် စက်တင်ဘာ ၂၄



နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာသင်ကြား နေသော ကျောင်းသား ကျောင်းသူများ၏ စာပေပညာသင်ကြား ရေးနှင့် နေထိုင်စားသောက်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမ၌ စီမံ/လေ့ကျင့်/သင်ကြား ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထား သည့် ဒီဂရီကောလိပ်ကျောင်းများသည် ရည်မှန်းချက်(၄) ရပ်၊ ရည်ရွယ်ချက် (၅) ရပ် နှင့်အညီ ဖွင့်လှစ်သင်ကြားနေသော ကျောင်းဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကိုလည်း ရွေးချယ်မှုအဆင့်ဆင့်ဖြင့် ရွေးချယ်၍ နေထိုင်မှု၊ စားသောက်မှု များကို နိုင်ငံတော်အစိုးရမှ တာဝန်ယူပံ့ပိုးပေးနေပါကြောင်း၊ ကျောင်းသား ကျောင်းသူများဘက်မှလည်း နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်များအတိုင်းဖြစ်လာအောင် လိုက်နာကြိုးစားကြ ရန် လိုအပ်ကြောင်း၊ စည်းကမ်းရှိကြရန် လိုအပ်ကြောင်း၊ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးနှင့်တစ်ဦး ညီအစ်ကို မောင်နှမအရင်းများသဖွယ် နေထိုင်သွားကြရန် နှင့်နိုင်ငံတော် အားတစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည့် သားကောင်း သမီးကောင်း ဖြစ်လာစေရန် ပညာကို ကြိုးစားသင်ယူသွားကြရန် နှင့် ဆရာ ဆရာမများမှလည်း ဆရာကောင်းတို့၏ ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦး၏ အရည်အသွေးများနှင့်အညီ တပည့်သားသမီးများအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ တက္ကသိုလ်စာပေပညာရပ်များသာမက စိတ်ဓာတ်၊ စည်းကမ်း ကောင်းသော လူငယ်များဖြစ်လာစေရေး ပြုစုပျိုးထောင်ပေး သွားကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံကာ ကျောင်းအုပ်ကြီး၏ ကျောင်းပိုင်း ဆိုင်ရာ ရှင်းလင်းချက်များနှင့် ဆရာ ဆရာမများ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment