Wednesday, September 25, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ''အောင်ဆန်း''ရုပ်ရှင် စတင်ရိုက်ကူးသည့်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်



Image may contain: 14 people, people smiling, people sitting, table and indoor
ရန်ကုန် စက်တင်ဘာ ၂၄




''အောင်ဆန်း'' ရုပ်ရှင်စတင်ရိုက်ကူးသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိNovotel Hotel ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ အနုပညာရှင်၊ အတတ်ပညာရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ''အောင်ဆန်း'' ရုပ်ရှင်ရိုက်ကူးနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ခဲ့မှုများ ကို ရှင်းလင်းတင်ပြရာတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၄.၁၁.၂၀၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီ အနေဖြင့် ၈.၁၂.၂၀၁၇ ရက်နေ့မှ စတင်ကာ ဆပ်ကော်မတီ ၇ ခုကို ထပ်မံဖွဲ့စည်းပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူး နိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းဆပ်ကော်မတီများမှာ အုပ်ချုပ်ထောက်ပံ့မှု ဆပ်ကော်မတီ၊ ဇာတ်လမ်း၊ ဇာတ်òန်း ပြုစုရေးနှင့် ရိုက်ကူးတည်းဖြတ်ရေး ဆပ်ကော်မတီ ၊ အနုပညာ ဖန်တီးရေးဆပ်ကော်မတီ၊ သမိုင်းအထောက်အထားစိစစ် ရေးဆပ်ကော်မတီ၊ မှတ်တမ်းပြုစုရေးနှင့် သတင်းပြန်ကြား ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီတို့ ဖြစ်ကြပါကြောင်း၊ ယင်းဆပ်ကော်မတီများ အပြင် ရိုက်ကူးထုတ်လုပ်ရေးအတွက် အထောက်အကူပြု လုပ်ငန်းအဖွဲ့ငယ်များဖြစ်သည့် Properties Designer အဖွဲ့၊ Costume Designer အဖွဲ့၊ တေးဂီတ ဖန်တီးရေး လုပ်ငန်းအဖွဲ့၊ ပစ္စည်းထိန်းသိမ်းရေးအဖွဲ့များကိုလည်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း။
ကြီးကြပ်ဆောင်ရွက်လျက်ရှိ
ယခင် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ထံမှလွှဲပြောင်း ရရှိငွေကျပ်ကျပ် ၈၄၆၈၉၅၈၇၃ နှင့် အမေရိကန်ဒေါ်လာ ၄၈၁၃ ဒေါ်လာရှိပြီး ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းကော်မတီမှ အလှူရရှိငွေစုစုပေါင်း ငွေကျပ် ၃၈၇၅၀၃၀၀၀ ဖြစ်သဖြင့် ရန်ပုံငွေ စုစုပေါင်းမှာ ငွေကျပ် ၁၂၃၄၃၉၈၈၇၃ နှင့် အမေရိကန် ဒေါ်လာ ၄၈၁၃ ဒေါ်လာ ဖြစ်ပါကြောင်း၊ အဆိုပါငွေများထုတ်ယူသုံးစွဲခြင်းကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ကုန်မြို့၌ ဖွင့်လှစ်
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ် ရေးလုပ်ငန်းကော်မတီရုံးခန်းကို ၂၈.၁.၂၀၁၈ ရက်နေ့တွင် မ္ဘောဇရိပ်သာ၊ အမှတ် ၁၃၁၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့၌ ဖွင့်လှစ်ပြီး ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ထုတ်လုပ်ခြင်းနှင့် ဖြန့်ချိခြင်း ဆိုင်ရာ ရုပ်ရှင်လုပ်ငန်း လိုင်စင်(၂)ခုကို အောင်ဆန်းရုပ်ရှင် အမည်ဖြင့် ၁၃.၃.၂၀၁၈ ရက်နေ့တွင် လျှောက်ထားရယူခဲ့ပြီး ဖြစ်ပါကြောင်း။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ် ရေးအတွက် အခန်းစဉ် ၁၁၇ ခန်းပါဝင်သော ဇာတ်လမ်း အခန်းစဉ်စာအုပ် (Scene Serial)အား ၇.၅.၂၀၁၉ ရက်နေ့ တွင် ရေးသားပြုစုခဲ့ပြီး ဖြစ်ပါကြောင်း။
သမိုင်းအထောက်အထားစိစစ်
အခန်းစဉ်အလိုက် စကားပြော (Dialogue)များပါဝင် သည့် ဇာတ်လမ်း အခန်းစဉ် အသေးစိတ်ကိုလည်း ရေးသား ပြုစုပြီးဖြစ်ပါကြောင်း၊ ရေးသားပြီးသော Dialogueပါဝင် သည့် ဇာတ်òန်းများကို သမိုင်းအထောက်အထားစိစစ်ရေး ဆပ်ကော်မတီက စိစစ်ထားရှိပြီး ဖြစ်ပါကြောင်း။
Properties Designerအဖွဲ့မှ ရိုက်ကူးရေးအတွက် လိုအပ်သောပစ္စည်းများ စုဆောင်းရန် အထောက်အထား များရှာဖွေခြင်း၊ သမိုင်းစိစစ်ရေး ဆပ်ကော်မတီသို့ တင်ပြ အတည်ပြုချက်ရယူခြင်း၊ ပစ္စည်းများ ရှာဖွေစုဆောင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အဝတ်အစားများကို နမူနာချုပ်လုပ်
Costume Designer အဖွဲ့ကလည်း ဇာတ်ကားရိုက်ကူး ရေးအတွက် ဇာတ်ဝင်ခန်းအလိုက် လိုအပ်သော အဝတ်အစား များကို နမူနာချုပ်လုပ်၍ တပ်မတော် စစ်သမိုင်းပြတိုက်ရှိ ဝတ်စုံများနှင့် တိုက်ဆိုင် အတည်ပြုချက်ရယူကာ လိုအပ်သည့် တပ်ပိုင်းဆိုင်ရာ ဝတ်စုံများနှင့် အရပ်သားဝတ်စုံများကို ချုပ်လုပ် ဆောင်ရွက်ခဲ့ပါကြောင်း။
အောင်ဆန်းရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတွင် အသုံးပြု နိုင်ရန်အတွက် ဗိုလ်ချုပ် အောင်ဆန်းစီးနင်းခဲ့သည့် မော်တော် ယာဉ် RC-2874(Woseley)ကို ထူးမော်တော်ယာဉ် ပြုပြင် ရေးလုပ်ငန်းက မူရင်းလက်ရာမပျက် မောင်းနှင်၍ရသည်အထိ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ၂၀.၅.၂၀၁၉ ရက်နေ့တွင် ဌာနကို ပြန်လည်အပ်နှံနိုင်ခဲ့ပါကြောင်း၊ ဇာတ်ကားရိုက်ကူးသည့်အခါ ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ပါကြောင်း။
မြင်းစီးလေ့ကျင့်ဆောင်ရွက်ခဲ့
သရုပ်ဆောင် ကိုကျော်ကျော်မျိုးသည် ၂၀၁၈ ခုနှစ် မေလ မှ စက်တင်ဘာလထိ ၅ လကြာ နံနက် ၇ နာရီမှ ၉ နာရီအထိ ရန်ကုန်မြို့ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် လေ့ကျင့်ရေးကွင်း၌ မြင်းစီးလေ့ကျင့်ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့အပြင် ကိုကျော်ကျော်မျိုးသည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ နံနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီအထိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)တွင် ဆရာဦးရဲထွဋ် (သန်လျင် မောင်ဝင်းဝါ)ထံမှ အင်္ဂလိပ်စကားပြော သင်ယူလေ့ကျင့်ခဲ့ပါ ကြောင်း။
ဂျပန်စကားပြော သင်ယူ
အပတ်စဉ် အဂ¯နေ့နှင့် သောကြာနေ့များတွင်လည်း မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီခွဲအထိ အမျိုးသားဇာတ်ရုံ(ရန်ကုန်) အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် နည်းပြ(ဂီတ)ဒေါက်တာ ဒေါ်စုဇာဇာဌေးရီ (ဂျပန်နိုင်ငံမှ ဂီတပါရဂူဘွဲ့ရရှိသူ)ထံမှ ဂျပန်စကားပြော သင်ယူလေ့ကျင့် ခဲ့ပါကြောင်း။
အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအတွက် လိုအပ်သော ဆေးရုံ အပြင်အဆင်၊ ရေနွေးငွေ့သုံး ရထား၊ ဓာတ်ရထား၊ ဟိုင်လီသင်္ဘော၊ ရွန်တင်မာရူးသင်္ဘောတို့နှင့် ရိုက်ကူးနိုင်ရေး၊ ဂျပန်နိုင်ငံရှိ ဆူဇူကီးနေအိမ် ရိုက်ကူးနိုင်ရေးတို့အပြင် ရိုက်ကွင်း များတွင် လိုအပ်သော လျှပ်စစ်ဓာတ်အားအတွက် မီးစက် ရရှိရေးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း။
ဂျပန်နိုင်ငံရှိ ဗိုလ်မှူးကြီး ဆူဇူကီး၏အိမ်နှင့် ကျေးလက် ဒေသရှုခင်းများကို ထည့်သွင်းရိုက်ကူးနိုင်ရန်အတွက် ဒါရိုက်တာ ဦးလူမင်းနှင့် ဦးစိုးကျော်ဆန်းတို့သည် ၂၀.၈.၂၀၁၉ ရက်နေ့မှ ၂၄-၈-၂၀၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာ ခဲ့ကြပါကြောင်း။
ဇာတ်ဝင်ခန်းများတွင် ပါဝင်မည့် ဂျပန်လူမျိုး သရုပ်ဆောင် များအတွက်လည်း ဒါရိုက်တာ အကယ်ဒမီ အလင်္ကာကျော်စွာ ဦးစိုးမိုးနှင့် ဦးလူမင်းတို့ ပါဝင်သည့်အဖွဲ့က အပြီးသတ် စိစစ် ရွေးချယ်ထားပြီး ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်တွင် ရုံတင်ပြသနိုင်ရန် ရည်မှန်း
ယခုလို အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အတွက် ယနေ့ဆိုလျှင် အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူး ခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ရုံတင်ပြသနိုင်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ယခုလို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစတင်သည်မှ ယနေ့အထိ ပေါင်းစပ်ညှိနှိုင်းကူညီခဲ့ကြသည့် ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူ များ ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ရုပ်ရှင် အနုပညာရှင် များ၊ အကြံဉာဏ်များပေးခဲ့ကြသည့် သမိုင်းပညာရှင်ကြီးများ နှင့် အတ္ထုပ္ပတ္တိစာပေများကို ရေးသားပြုစုခဲ့ကြသည့် စာပေ ပညာရှင်ကြီးများ၊ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်ပြီး အများ ပြည်သူများထံသို့ စဉ်ဆက်မပြတ် သတင်းများ၊ အချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးခဲ့ကြသည့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြ၀တီရုပ်သံအပါအဝင် ပုဂ္ဂလိက ရုပ်သံလွှင့် မီဒီယာများ၊ စာနယ်ဇင်းမီဒီယာများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
မော်ကွန်းစိုက်ထူရန် ရိုက်ကူး
ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက စည်သူ ဒေါက်တာ ဘိုကလေးတင့်အောင် က မုဒိတာစကားပြောကြား ရာတွင် မိမိတို့နိုင်ငံအတွက် အသက်ပေးပြီး စွန့်စားသွားသည့် ပုဂ္ဂိုလ်ကြီးကို ဂုဏ်ပြုသောအားဖြင့် ရုပ်ရှင်ကနေပြီး မော်ကွန်း စိုက်ထူရန် ရိုက်ကူးခဲ့ပါကြောင်း၊ အင်မတန်ကြီးမြတ်ပြီး တာဝန် ကြီးလှသည့် ပုဂ္ဂိုလ်၏အကြောင်းအရာကြီးဖြစ်ပါ၍ မမှားမယွင်း ရအောင်၊ မတိမ်းစောင်းရအောင် အစစအရာရာသတိထားရန် မိမိတို့များစွာ အကြံပေးခဲ့ရပါကြောင်း၊ အထူးဂုဏ်ပြုဝမ်းသာ ဝမ်းမြောက်ဖြစ်ရပါကြောင်းကို ရုပ်ရှင်နာယကများ၏ကိုယ်စား မိမိပြောကြားရပါကြောင်း၊ မိမိတို့နိုင်ငံကို ခေါင်းဆောင်ပြီး အသက်ပေးသွားသည့် ပုဂ္ဂိုလ်ကြီး အားလုံးကိုမိမိတို့ ဂါရ၀ပြုကြ ပါကြောင်း ပြောကြားသည်။
ဆက်လက်၍''အောင်ဆန်း''ရုပ်ရှင်ဒါရိုက်တာ ဦးလူမင်း က''အောင်ဆန်း''ရုပ်ရှင်ရိုက်ကူးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာတွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူး ရန် လေ့လာလေလေ၊ ဗိုလ်ချုပ်၏ စိတ်နေစိတ်ထားမြင့်မြတ်မှုကို သိလာလေလေဖြစ်ရပါကြောင်း၊ ကြိုတင်ပန်ကြားထားချင်သည် မှာ ၎င်းရုပ်ရှင်သည် သမိုင်းမှတ်တမ်း၊ စစ်ကားနှင့် အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားမဟုတ်ပါကြောင်း၊ ရုပ်ရှင်တစ်ကားမျှသာ ဖြစ်ပါ ကြောင်း၊ ၎င်းရုပ်ရှင်သည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး အကြောင်းကို ပြောပြမည်ဖြစ်ပါကြောင်း၊ ဤရုပ်ရှင်သည် မိမိတို့ မြန်မာ့တပ်မတော် ဘယ်ကစသလဲ ဆိုသည်ကို ပြောပြမည်ဖြစ်ပါ ကြောင်း၊ ယင်းရုပ်ရှင်မှ အောင်ဆန်း ဆိုသည့် လူငယ်လေး တစ် ယောက်၊ အောင်ဆန်းဆိုသည့် တက္ကသိုလ်ကျောင်းသားတစ် ယောက်၊ တက္ကသိုလ်ကျောင်းသားခေါင်းဆောင် တစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက်၊ ယင်းမှ စစ်သေနာပတိချုပ် တစ်ယောက်၊ ထိုမှအမျိုးသားခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ နောက်ဆုံး မြန်မာနိုင်ငံကြီး၏ လွတ်လပ်ရေးဗိသုကာ အဖြစ် မည်သို့ ကြိုးစားအားထုတ် ခဲ့သည်ကို ပြောပြမည်ဖြစ်ပါကြောင်း။
ယင်းရုပ်ရှင်မှ မိမိတို့ နောက်မျိုးဆက်များကို အောင်ဆန်း ဆိုသည့် လူငယ်လေး တစ်ယောက် မည်သို့တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ပြီး ကြိုးစားပေးဆပ်ခဲ့သည်၊ လွတ်လပ်ရေး ကို မည်သို့လက်ဆင့်ကမ်းကြိုးပမ်းသယ်ဆောင်ကြမည်၊ နိုင်ငံကြီး ကို မည်သို့တိုးတက်ထွန်းကားအောင် လုပ်ကြမည်ဆိုသည့် အတွေးအခေါ်များကို ဤရုပ်ရှင်ကပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းရုပ်ရှင်ရိုက်ရန် တကယ်ပင် ခက်ခက်ခဲခဲ ပင်ပင် ပန်းပန်းကြိုးစားခဲ့ရကြောင်း၊ ယခုလို အခြေအနေ အနေအထား ရောက်ရန် အမေစု အမြဲတမ်းခဏခဏ မှာကြားခဲ့သလို မိမိတို့ ဝီရိယလေးဆင့်ဖြင့် ကြိုးစားခဲ့ကြရကြောင်း၊ ယခုအဆင့်က နောက်ဆုံးဝီရိယဖြစ်ပါကြောင်း၊ အခက်အခဲများ မည်သို့ပင် ကြုံကြုံ၊ မဖြစ်ဖြစ်အောင်၊ အောင်မြင်အောင်ကြိုးစားမည် ဆိုသည့် အဆင့်ရောက်မှ မိမိတို့ စတင်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။
ရုပ်ရှင်တစ်ကားအဖြစ် ဂုဏ်ယူ
မည်သို့ပင် ဆိုစေကာမူ အလုပ်ကို စတင်လုပ်ကိုင်မည် ဆိုသည့် စတင်ခဲ့သည့် ဝီရိယအဆင့်၊ အောင်မြင်အောင်လုပ်မည် ဆိုသည့် အဆင့်တိုင်းတွင် ကြိုးစားခဲ့သည့် ရဲဘော်ရဲဘက်များ၊ ညီအစ်ကိုမောင်နှမများ၊ ပံ့ပိုးကူညီသူများ အားလုံးကို ကျေးဇူး တင်ပါကြောင်း၊ မှတ်တမ်းတင် ဂုဏ်ပြုရမည်ဖြစ်ပါကြောင်း၊ ဝိုင်းဝန်းကူညီပေးကြသည့်သူများအားလုံးကို အဖွဲ့ကြီး၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် ဤရုပ်ရှင်သည် လာမည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်တွင် ပေါ်ပေါက်လာမည့် ရုပ်ရှင်တစ်ကားအဖြစ် ဂုဏ်ယူစွာဖြင့် မျှော်မှန်းထားပါကြောင်း၊ ဤရုပ်ရှင်ကြီးကို ပရိသတ်ရှေ့မှောက်ကို ကျယ်ကျယ်ပြန့်ပြန့် စည်စည်ကားကား ချပြနိုင်အောင် ဆက်လက်ဝိုင်းဝန်းပံ့ပိုး ကူညီသွားကြရန်လည်း လိုအပ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဤရုပ်ရှင်ကြီးကို စတင်ရိုက်ကူးရန် ယနေ့မှာစတင်နေပြီဖြစ်ပါ ကြောင်း၊ ဆုံးခန်းတိုင်အောင်လည်း မဖြစ်မနေ မလျော့သော ဇွဲလုံ့လနှင့် ရိုက်ကူးသွားမည်ဟု ကတိကဝတ်ပြုပါကြောင်း၊ လိုအပ်သည့် အပိုင်းကလည်း အားလုံးကဆက်လက်ပြီး ဝိုင်းဝန်း ပံ့ပိုးကူညီပေးကြပါဟု တောင်းပန်လိုကြောင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်
ထို့နောက် ''အောင်ဆန်း''ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးအတွက် အလှူရှင် ဆူဇူကီး မော်တာကော်ပိုရေးရှင်းမှ တာဝန်ရှိ သူများက အလှူငွေကျပ်ကျပ်သိန်း ၅၀၀၀ ကို ပေးအပ်လှူဒါန်းရာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ဒါရိုက်တာ ဦးလူမင်းနှင့် ဘဏ္ဍာရေးနှင့် လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒါရိုက်တာ ဒေါ်အိအိခိုင်တို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊အဖွဲ့ဝင်များနှင့်အတူ ''အောင်ဆန်း'' ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ကြမည့် သရုပ်ဆောင်များနှင့် လည်းကောင်း၊
''အောင်ဆန်း'' ရုပ်ရှင်တွင် ပါဝင်ရိုက်ကူးကြမည့် ရုပ်ရှင် အတတ်ပညာရှင်များနှင့် လည်းကောင်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက အဖွဲ့ဝင်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခမ်းအနားသို့ တက်ရောက်လာ သူများသည်''အောင်ဆန်း'' ရုပ်ရှင်တွင်ပါဝင် သရုပ်ဆောင် ကြမည့် သရုပ်ဆောင်များအသုံးပြုမည့် ခေတ်အလိုက် အဝတ် အထည်အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယက အဖွဲ့ဝင်များ၊ ရုပ်ရှင်အသိပညာရှင် ၊ အတတ်ပညာ ရှင်များ၊ ''အောင်ဆန်း'' ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ကြမည့် သရုပ်ဆောင်များ၊ ရဲဘော်သုံးကျိပ် မိသားစုဝင်များအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။
အခမ်းအနားအပြီးတွင် မီဒီယာတွေ့ဆုံပွဲကို ပြုလုပ်ရာ တက်ရောက်လာကြသည့် မီဒီယာများ၏ သိရှိလိုသည့်မေးမြန်း မှုများကို ''အောင်ဆန်း''ရုပ်ရှင်ဒါရိုက်တာ ဦးလူမင်းနှင့် ပါဝင် သရုပ်ဆောင်ကြမည့် သရုပ်ဆောင်များ၊ အတတ်ပညာရှင်များက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားကြသည်။
''အောင်ဆန်း''ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၌ စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး ဇာတ်လမ်း/ဇာတ်ညွှန်း ပြုစုရေးဆပ်ကော်မတီဝင်များ၊ ဒါရိုက်တာ အကယ်ဒမီ လူမင်း၊ Casting ဒါရိုက်တာ အလင်္ကာ ကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုး၊ Production ဒီဇိုင်နာ အကယ်ဒမီ ဦးထွန်းအောင်ဇော်၊ Art ဒါရိုက်တာ အကယ်ဒမီ စိုးကျော်ဆန်းတို့က ဦးဆောင်ရိုက်ကူးသွားမည်ဖြစ်ကာ ဗိုလ်ချုပ် အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ ခန့်စည်သူ၊ နိုင်းနိုင်း ၊ ညိုမင်းလွင်၊ ပြေဇင်၊ မိုးဟေကို နှင့် ဇာတ်ပို့၊ ဇာတ်ရံများ ပါဝင်သရုပ်ဆောင်ကြ မည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment