Monday, September 23, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ




Image may contain: 3 people, people standing, shoes and suit
ရန်ကုန် စက်တင်ဘာ ၂၂




တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ တွင် စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက် အထိ ကျင်းပပြုလုပ်သည့် (၁၆)ကြိမ် မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ ကာလအတွင်း တရုတ်-အာဆီယံ ရုပ်မြင် သံကြား ရက်သတ္တပတ်နှင့် ရေဒီယို ရုပ်မြင်သံကြားနှင့် မီဒီယာအသစ်ဖိုရမ်သို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် လေကြောင်း ခရီးဖြင့် နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ပြန်ကြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment