Sunday, September 22, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး ပျဉ်းမနား-တောင်ငူ-ပဲခူး-ရန်ကုန် လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး




Image may contain: 3 people, people standing and outdoor
နေပြည်တော် စက်တင်ဘာ ၂၁



ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က Oriental Highway Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမ ကြီး (ရေတာရှည်-ပျဉ်းမနား-ရမည်းသင်း အပိုင်း) လမ်းအဆင့်မြှင့်တင် ဆောင်ရွက် ပြီးစီးမှုနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား Oriental Highway Co.,Ltd လမ်းစခန်းရှင်းလင်းဆောင်တွင် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက ပဲခူးတိုင်းဒေသကြီးအတွင်း B.O.T စနစ် ဖြင့် ဆောင်ရွက်သော လမ်း၊ တံတား အခြေအနေ၊ ရန်ကုန်-တောင်ငူ-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တောင်ငူ မြို့ရှောင်လမ်း (၈ မိုင်/၇ ဖာလုံ)၊ ညောင်လေးပင်နှင့် ပြွန်တန်ဆာ မြို့ ရှောင်လမ်း (၈ မိုင် /၄ ဖာလုံ)၊ ပဲခူးမြို့ အရှေ့ဘက် မြို့ရှောင်လမ်း (၅ မိုင်/ ၆ ဖာလုံ)တို့အား ဆောင်ရွက်ရန် လျာထားမှုနှင့် ဆောင်ရွက်ဆဲအခြေအနေ၊ ပဲခူးမြို့အနောက်ဘက် မြို့ရှောင်လမ်း (၁၁ မိုင်/၃ ဖာလုံ)ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ Oriental Highway Co.,Ltd မှ တာဝန်ရှိသူက (ရေတာရှည်-ပျဉ်းမနား-ရမည်းသင်းအပိုင်း) လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် တံတားများတိုးချဲ့ရန် ဆောင်ရွက်နေမှု တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ သည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက မိုင်အကွာအဝေး လမ်းòန် ဆိုင်းဘုတ်များ၊ သတိပေးအသိပေး ဆိုင်းဘုတ်များ တပ်ဆင်ရန်၊ ခရီးသွား ပြည်သူများအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အထူး အလေးထား ဆောင်ရွက်ပေးရန်နှင့် လမ်းချဲ့ပြီးဖြစ်၍ တံတားများတိုးချဲ့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကမ္ဘောဇကုမ္ပဏီမှB.O.T စနစ်ဖြင့် ဆောင်ရွက်သော ဇေယျ၀တီ-ရေတာရှည် လမ်းအပိုင်း အဆင့်မြှင့်တင် ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေကို လည်းကောင်း၊ ဟိုက်စတား ကုမ္ပဏီမှ ညောင်လေးပင်-ဇေယျ၀တီ လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေး သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွှေသံလွင်ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ညောင်လေးပင်-ပဲခူးအပိုင်း ကွန်ကရစ် ခင်းခြင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းထား ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ လမ်းစခန်း ရှင်းလင်းဆောင်တွင် ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူက B.O.T စနစ်ဖြင့် ဆောင် ရွက်သော လမ်းတံတားအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေတို့ကိုPower Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ မှာကြား သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် Max Highway Co., Ltd မှ B.O.Tစနစ်ဖြင့် ဆောင်ရွက်သော ရန်ကုန်-ပဲခူးလမ်းအပိုင်းတွင်Milling Machine နည်းပညာကို အသုံးပြု၍ သက်တမ်းကြာပြီဖြစ်သော ကတ္တရာလမ်း အပိုင်းများကို ခြစ်ထုတ်၍ ကတ္တရာ ကွန်ကရစ် (AC) ခင်းနေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ (ဝဲပုံ)
သတင်းစဉ်

No comments:

Post a Comment