Friday, September 20, 2019

ပထမအကြိမ် တရုတ် - အာဆီယံရုပ်မြင်သံကြားရက်သတ္တပတ်နှင့် တရုတ် - အာဆီယံထင်ရှားကျော်ကြား ရုပ်ရှင်ဇာတ်ဝင်တေးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

Image may contain: 4 people, people smiling, people on stage and text


နေပြည်တော် စက်တင်ဘာ ၁၉


ပထမအကြိမ် တရုတ်-အာဆီယံ ရုပ်မြင်သံကြား ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားနှင့် တရုတ်-အာဆီယံထင်ရှားကျော်ကြား ရုပ်ရှင်ဇာတ်ဝင်တေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နန်နင်းမြို့ရှိ ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာန၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ အမြဲတမ်းအတွင်းဝန် ပြန်ကြားရေးဝန်ကြီး ဌာနမှ မစ္စစ်ဖန့်ရှောင်လိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် အသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စစ်မာလိ၊ ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူးချုပ် မစ္စစ်ကျန်းဟုံနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အနုပညာရှင်များက တေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


သတင်းစဉ်

No comments:

Post a Comment