Friday, September 20, 2019

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

Image may contain: 1 person, indoor



နေပြည်တော် စက်တင်ဘာ ၁၉


တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ အား သိရှိစေရန်နှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာ(မူကြမ်း) ရေးဆွဲ နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံတိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။


ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့်ဥပဒေကို တိုင်းရင်းသားညီအစ်ကို မောင်နှမများ ပိုမိုသိရှိနိုင်ရေး အသိပညာ ပေးခြင်းနှင့်အတူ တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများကို စစ်တမ်း ကောက်ယူခဲ့ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးကို ၂၀၁၇ ခုနှစ်ကစပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပါ ကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ် များ အကောင်အထည်ဖော်ရန် လမ်းပြ မြေပုံဖြစ်လာမည့် မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး၊ အဆိုပါ မဟာဗျူဟာ နှင့်အတူ နှစ်အလိုက် အကောင်အထည် ဖော်မည့် Action Plans လုပ်ငန်းစီမံ ချက်များ ဖော်ထုတ်ရေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။


မြန်မာနိုင်ငံသည် မတူကွဲပြား ခြားနားသည့် တိုင်းရင်းသားလူမျိုး ပေါင်းစုံဖြင့် အတူတကွ စုစည်းနေထိုင် ကြသည့် နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးများသည် တန်းတူ ညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး များကို အပြည့်အဝရရှိခံစားရန် လိုအပ် ပါကြောင်း၊ မဟာဗျူဟာပါ ဦးစားပေး လုပ်ငန်းများကို နှစ်အလိုက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့် အညီ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအကြား ဖွံ့ဖြိုးမှုကွာဟမှုရှိသည်ဟု ခံစားရမှုများ လျော့ပါးစေပြီး ရင်ဆိုင် နေရဆဲဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ထောင်နိုင်ရန် အလားအလာ ကောင်းများ ဖန်တီးတည်ဆောက်ရာတွင် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာ အခြေခံအချက်များ စစ်တမ်းကောက်ယူခြင်းမှ ရလဒ်များ အပေါ်အခြေခံ၍ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ(မူကြမ်း)ရေးဆွဲရာ၌ ပါဝင်သင့် သော လုပ်ငန်းများပြည့်စုံနိုင်ရေး အကြံပြု ညှိနှိုင်းဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ညှိနှိုင်းဆွေးနွေးမှုမှ ရလာသော Out Come များ၊ တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်များကို မှတ်တမ်းများအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို နည်းဥပဒေဖြင့်ဆောင်ရွက် ရာတွင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ဦးစီးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးရေးအတွက် National Ethnic ကို အခြေခံသော လမ်းကြောင်း အတိုင်း စနစ်တကျ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပွဲတော်များကို ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတွင် နိုင်ငံတော်အဆင့် ကျင်းပ နိုင်ရေး နိုင်ငံတော်၏ လိုအပ်ချက်အတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက တိုင်းရင်းသားရေးရာ အခြေခံအချက်များ စစ်တမ်းကောက်ယူ ခြင်းဆိုင်ရာ စီမံချက် စစ်တမ်းရလဒ် အစီရင်ခံစာနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ(ကနဦးမူကြမ်း)တို့ကို ရှင်းလင်း တင်ပြကြပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက ဦးစားပေးလုပ်ငန်း နယ်ပယ်များအလိုက် ဆောင်ရွက်သွားရ မည့် လုပ်ငန်းများကို ဆွေးနွေးကြသည်။


မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် တိုင်းရင်းသားလူမျိုး များရေးရာ ဝန်ကြီးဌာန၏ မဏ္ဍိုင်ကြီး တစ်ခုဖြစ်သည့် တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေပါ တိုင်းရင်းသားအခွင့်အရေး များအား ကာကွယ်စောင့်ရှောက်ရန်၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များအား နည်းဥပဒေများနှင့်အညီ ဆောင်ရွက် သွားနိုင်မည်ဖြစ်ပြီး ]] မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာမဟာဗျူဟာ}} ကို ကနဦးရေးဆွဲ အတည်ပြုနိုင်မည်ဖြစ်ကာ အနာဂတ် ကာလတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ တွင် တိုင်းရင်းသားလူမျိုးများ၏အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ခြင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆက်လက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။




ယနေ့ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များ မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်နှင့် ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှ ကော်မတီဝင်များ၊ အမျိုးသား လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီမှ ကော်မတီဝင်များ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များ၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


သတင်းစဉ်

No comments:

Post a Comment