Wednesday, September 25, 2019

ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီ ညှိနှိုင်းစည်းဝေး



Image may contain: 5 people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၂၄




ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လုပ်ငန်းကော်မတီအနေဖြင့် လက်တွေ့ ထုတ်လုပ်မှုကုန်ကျစရိတ်များကို အခြေခံ ၍ မိုးစပါး၊ နွေစပါး အခြေခံဈေးနှုန်း မည်သို့ဖြစ်သင့်သည်ကို တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ သို့ ထောက်ခံအကြံပြု တင်ပြရမည်ဖြစ် ပါကြောင်း၊ ဈေးနှုန်းဆိုသည်မှာ ကုန်စည် တစ်ခု၏ ဝယ်လိုအားနှင့် ရောင်းလိုအား ကို အခြေခံသတ်မှတ်ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ သတ်မှတ်ရခြင်းသည် ဈေးကွက် ၏ နိယာမပင်ဖြစ်ပါကြောင်း၊ ဈေးကွက် နိယာမတစ်ခုကို ကျော်လွန်လုပ်ဆောင် ပါက ဈေးကွက်ပုံမမှန်မှုများဖြစ်ပေါ်လာနိုင်ပါကြောင်း၊ အခြားသောကဏ္ဍများကို လည်း ကူးစက်ပျံ့နှံ့နိုင်သည့် သဘော လည်းရှိပါကြောင်း၊ တောင်သူလယ်သမား များ အကျိုးစီးပွားကာကွယ်ရေးဥပဒေ အရ တောင်သူလယ်သမားများ ခေါင်းပုံ ဖြတ် မခံရရေးအတွက် သင့်တင့်မျှတ သည့်ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း။
တောင်သူလယ်သမား အတွက် လည်း အကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင် များအတွက်လည်း အကျိုးရှိသည့် ဈေးနှုန်းတစ်ခုကို ညှိနှိုင်းသတ်မှတ်ရန် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးမှ သမာသမတ်ကျသည့် ထုတ်လုပ်မှုကုန်ကျ စရိတ်အမှန်ကို အခြေခံသည့် တောင်သူ လည်း အကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင် အတွက်လည်း အကျိုးရှိမည့် ဈေးနှုန်း တစ်ခုကို ရွေးချယ်ဆုံးဖြတ်ပေးကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီသည် သတ်မှတ်သင့်သည့် ဆန်စပါးအခြေခံ ဈေးနှုန်း၊ ဆန်စပါးဝယ်ယူမည့် စံသတ်မှတ် ချက်များကို အကြံပြုတင်ပြရမည်ဖြစ် ပါကြောင်း၊ အခြေခံဈေးနှုန်းထုတ်ပြန် ခြင်းကို တောင်သူလယ်သမား အခွင့် အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့က ပြုလုပ် ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် အားလုံးလက်ခံနိုင် သည့် နွေစပါး၊ မိုးစပါး ဈေးနှုန်းများကို တူညီဆန္ဒဖြင့် သတ်မှတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အားလုံးဝိုင်းဝန်း ဆွေးနွေးပေးကြပါရန် တိုက်တွန်းအပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သှူလွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက် ရေးကော်မတီဥက္ကဋ္ဌ ဦးခင်အေးနှင့် အမျိုးသားလွှတ်တော် တောင်သူ လယ်သမားရေးရာ ကော်မတီဝင် ဦးအောင်မျိုးတို့က တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်ဆိုင်ရာများ၊ စိုက်ပျိုးရေးကဏ္ဍ ပိုမိုပီပြင်ရေးဆိုင်ရာများ နှင့် ဆန်စပါးအခြေခံဈေးနှုန်း သတ်မှတ် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တောင်သူ လယ်သမားကိုယ်စားလှယ် ဦးပေါက် ကျော်တို့က ဆန်စပါးဈေးကွက်တည်ငြိမ် ရေး၊ သီးနှံပေါ်ချိန်ကာလအတွင်း ဆန်စပါး ဈေးနှုန်း မကျဆင်းနိုင်ရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များအပေါ် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေးနှင့် ထိုက်သင့်သည့် ဈေးနှုန်းသတ်မှတ်ရေး၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံဈေးနှုန်း သတ်မှတ်နိုင်ရေးတို့ကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့် ထွန်းနှင် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြပြီး ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြ ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း က အစည်းအဝေးသို့ တင်ပြသည့် အမှာ စာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးအောင်ထူးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်အဝေးကို ရုပ်သိမ်း လိုက်သည်။
အစည်းအဝေးသို့ ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ် အကြံပြု တင်ပြရေးလုပ်ငန်းကော်မတီဝင် များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာ များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ သတင်းစဉ်

No comments:

Post a Comment