Wednesday, September 25, 2019

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ




Image may contain: 1 person, sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၂၄ 



ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၄) ကြိမ်မြောက် အစည်း အဝေးကို ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၄) ကြိမ်မြောက် အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြပြီး အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ဖတ်ကြားတင်ပြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ က လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လုပ်ငန်းဆောင်ရွက် ရာတွင် လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ် ရေးအခြေအနေ၊ အလုပ်သမားများရရှိနိုင်မှု၊ မြို့ရွာနှင့်ထိစပ်နိုင်မှု၊ သုံးစွဲရေရရှိနိုင်မှု စသည်တို့အပေါ် အခြေခံရွေးချယ်ရခြင်း ဖြစ်ရာ နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ရေး အခြေခံ အဆောက်အဦဖြစ်သည့် စက်ရုံအလုပ်ရုံများ တိုးမြင့် တည်ဆောက်ရေးနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံရေး စသည့် အချက်များနှင့် အဓိကသက်ဆိုင်သည့် လယ်ယာမြေများ မလျော့ပါးရေး၊ အဟန့်အတားမဖြစ်စေရေး၊ ကန့်သတ်ချက် မဖြစ်စေရေးတို့ကို သဟဇာတညီညီ ဆောင်ရွက်ကြရန် လိုအပ် ကြောင်း။
လျော့နည်းဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် လယ်ယာမြေများ အစားထိုးဖော်ထုတ်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများမှ စိုက်ပျိုးမှု တည်ငြိမ်မှုရှိလာသော မြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခြင်းနည်းလမ်း အပါအဝင် နည်းပေါင်းစုံဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၃-၈-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၅၁၁(၅၉၄)/၁၂/ သမ္မတရုံးဖြင့် ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ တိုးချဲ့ဖွဲ့စည်းခြင်းကိစ္စတွင် ''လယ်မြေ/ယာမြေ/ သစ်တော မြေ/ သတ္တုတွင်းမြေ/မြေလွတ်/ မြေရိုင်းများဖြစ်ပါက ဆိုင်ရာဌာန/ အဖွဲ့များ၏ အခြားနည်းအသုံးပြုခွင့်ပါရှိရမည်'' ဟု လမ်းညွှန်အကြောင်းကြားထားပြီးဖြစ်ရာ လယ်ယာမြေအခြား နည်းအသုံးပြုခွင့် လျှောက်ထားမှုများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ နိုင်ငံတော်သမ္မတရုံးတို့၏ လမ်းòန်မှုများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်လာမှသာ နိုင်ငံစီးပွားဖွံ့ဖြိုးလာရေး အဓိကအထောက် ကူဖြစ်သည့်အတွက် မဖြစ်မနေခွင့်ပြုရမည့်ကိစ္စများတွင် အနည်းဆုံးလိုအပ်ချက်ကိုသာ စိစစ်ခွင့်ပြုရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး ဦးသက်နိုင်ဦးက နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပဲခူး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၌ ပါဝင်သွားသောမြေဧရိယာများအတွက် လျော်ကြေး/ နစ်နာကြေးပေးချေနိုင်ရေးဆိုင်ရာကိစ္စ၊ မြို့မြေ တိုးချဲ့ရန် သိမ်းဆည်းထားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးချေနိုင်ရေးဆိုင်ရာကိစ္စ၊ မြို့သစ်စီမံကိန်းတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးချေ နိုင်ရေးကိစ္စနှင့် အစည်းအဝေးကဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များ ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံပေးပို့တင်ပြလာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲ (၁၂၁)တွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာကြသူများက လယ်ယာမြေဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးဆုံးဖြတ်ကြပြီး နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး^ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဖြေရှင်းဆောင်ရွက်လျက်ရှိသော လယ်ယာ မြေ မှုခင်းဆိုင်ရာကိစ္စရပ်များကို စိစစ်ဆွေးနွေးကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment