Friday, August 2, 2019

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် UK House of Commons မှ Clerk of Legislation, Mr.Liam Laurence Smyth နှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှတာဝန်ရှိသူများအား သီးခြားစီလက်ခံတွေ့ဆုံ
Image may contain: 3 people, people standing, wedding, table and indoor
=
နေပြည်တော် ဩဂုတ် ၁
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကော်မတီဝင်များသည် UK House of Commons မှ Clerk of Legislation, Mr.Liam Laurence Smyth အား ယနေ့ မွန်းလွဲ ၁ နာရီတွင် အမျိုးသားလွှတ်တော် (J)ဆောင်၌ လည်းကောင်း၊ ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့မှ တာဝန်ရှိသူများအား မွန်းလွဲ ၂ နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-20)ရှိ လွှတ်တော်အခွင့် အရေးကော်မတီအစည်းအဝေးခန်းမ၌လည်းကောင်း သီးခြားစီလက်ခံတွေ့ ဆုံ သည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် လွှတ်တော်အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင် လတ်၊ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment